Connect with us

Hi, what are you looking for?

ကဗျာ

‘ဒီကိစ္စတွေပြီးရင် မေမေ့ကို ဖတ်ပြဖြစ်မယ့် ကဗျာတစ်ပုဒ်’

ဒီည အိပ်ပျော်သွားရင်

မေမေ့ရင်ခွင်ထဲမှာ ပြန်နိုးလာခဲ့ရင်

သိပ်ကောင်းမှာပဲ။

◼️သူရိယလင်း

ဒီည အိပ်ပျော်သွားရင်

မေမေ့ရင်ခွင်ထဲမှာ ပြန်နိုးလာခဲ့ရင်

သိပ်ကောင်းမှာပဲ။

Public Service Announcement

Public Service Announcement

သား တစ်ယောက်ထဲ ရှင်သန်ရချိန်တွေမှာ

အမေ့ကို ကူညီတတ်ခဲ့ပြီပြောပြီး

အမေ့ကို သူသောက်ချင်တဲ့

သစ်သီးဖျော်ရည်လေး ဖျော်ပေးရင်း

အနားမှာထိုင်နားခိုင်းပြီး

ကိုယ်တိုင်ချက်ပြုတ်မယ်။

ရယ်ကျဲကျဲနဲ့ သားငယ်ကို

ကြောင်တောင်တောင်ကြည့်နေတဲ့ အမေ့ကို

ပါးလေးတွေ နမ်းရင်း ချွဲမယ်။

အိမ်အလုပ်တွေအကုန်လုပ်ပေးပြီးမှ

အပြင်ထွက်မယ်။

ဟုတ်တယ် မေမေ။

သား အိပ်မက်ဆိုးကြီး တစ်ခု မက်ခဲ့တယ်။

ကာချုပ်ဆိုတဲ့ ကောင်ကြီးက

သားတို့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို

လူထုတစ်ရပ်လုံး တင်ထားကြတဲ့ အစိုးရဆီက

လုယူသွားတယ်တဲ့ အမေ။

သပိတ်တွေ စတယ်။

သား အိမ်ပေါ်က ဆင်းတယ်။

ထောင် သုံးလ ကျတယ်။

အဲ့ဒါပဲ သားမှတ်မိတယ် အမေ။

ကျန်တာတွေ ဘာမှ မမှတ်မိဘူး။

မှတ်မိလဲ ဘာမှ မပြောပြချင်ဘူး။

စစ်မြေပြင်နဲ့ မေမေ့ရင်ခွင်က ဘာမှမှ မဆိုင်တာ။

မျက်နှာဖုံးတွေနဲ့ မေမေ့ရင်ခွင်က မတူပါဘူးမေမေရယ်။

သား ဒါတွေ ပြောပြရင် မေမေ ငိုမှာပေါ့။

မေမေ့သား သတ္တိရှိပါတယ် ။

အဖေ့သားပဲ ဟာကို။

အဖေ့လောက်တော့ မတော်ဘူး။

အဖေ့ထက်သာတာဆိုလို့

တောခိုဖူးတာ တစ်ခုပဲရှိတယ်။

ဟုတ်တိပတ်တိလဲ မဟုတ်ဘူး။

မေမေ့သားက အရမ်းမတော်ပါဘူး မေမေ။

ဖေဖေ ပြောတုန်းက

နားမထောင်တတ်ခဲ့တဲ့ သားဟာ

ဖေဖေ မရှိတော့မှ ဖေဖေ့စကားတွေ

မှန်မှန်းသိလာရတယ်။

အတုအပတွေ ရှိသလို အစစ်အမှန် မေတ္တာတွေ သားကြုံခဲ့တယ် မေမေ။

လူတိုင်းကို အပေါ်ယံကြည့်ပြီး

ကိုယ့်ကို ချစ်တယ်မုန်းတယ် ခွဲခြားရတာ

လွယ်တဲ့ အလုပ်မှ မဟုတ်ပဲ မေမေရယ်။

ကဗျာဆရာ မောင်ချောနွယ် ပြောသလို

ချစ်သူ စစ်စစ်

ရန်သူ စစ်စစ်ပဲ လိုချင်တယ် မေမေရယ်။

မေမေ့သားက ရိုးတာ

မေမေ သိတယ်မဟုတ်လား မေမေ။

မေမေ့အပေါ်လည်း သားက တာဝန်မကျေခဲ့ပါဘူး။

တိုင်းပြည်အတွက်လဲ အခုထိ ဘာမှ လုပ်မရဘူး။

ညအိပ်ရာဝင်ရင် ဘေးပုခက်က ရဲဘော်တွေရဲ့

တောက်ခေါက်သံ ရှိုက်သံ ငိုချင်းချသံတွေကို ကြားရတာ သားအဆင်မပြေဘူး မေမေ။

အဲ့ဒါ သားကြုံခဲ့တဲ့ အိပ်မက်ဆိုးကြီးပဲဆိုရင်

မေမေက ပြောမှာပေါ့။

သားရယ် ပေါက်တီးပေါက်ရှာတွေ

မပြောပါနဲ့ ဆိုပြီး။

မေမေ့ရင်ခွင်ဟာ

သားအမြဲပြန်ချင်တဲ့

သားရဲ့ နိုင်ငံတော်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘သူရိယလင်း’ ရေးဖွဲ့ခဲ့တဲ့ “​ဒီကိစ္စတွေပြီးရင် မေမေ့ကို ဖတ်ပြဖြစ်မယ့် ကဗျာတစ်ပုဒ်” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်​ရေးအ

တွက် အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။