သတင်း
ဇော်ရမ်း/People’s Spring သံတွဲမြို့ရှိ နောက်ဆုံးကျန်ရှိနေသောမောင်ရွှေလေးရေတပ်စခန်းကိုသိမ်းယူပြီးနောက်ဧရာဝတီတိုင်းနှင့် ထိစပ်နယ်စပ်မြို့ဖြစ်သောဂွမြို့နယ်မှစစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA)က ဆက်လက်တိုက်ခိုက်နေသည်။ “ဂွမြို့နယ်နဲ့ ကျိန္တီလီမြို့ကြား အပြင်းဆုံးဖြစ်နေတာ။ ဒီမနက်လည်း ကုလားပြင်နဲ့ ဆားချက်ရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။တိုက်ပွဲကဂွမြို့နားရောက်နေပြီးစစ်ရှောင်တွေကဧရာဝတီတိုင်းဘက်ကို ထွက်နေကြတုန်းပါပဲ” ဟု ဂွ မြို့ဒေသခံတစ်ဦးကပြောသည်။ မောင်ရွှေလေးရေတပ်စခန်းကိုစက်တင်ဘာ ၅ရက်ညနေတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AAက စက်တင်ဘာလ ၆ရက်ညတွင်...