Connect with us

Hi, what are you looking for?

သတင်း

ရေဘေးသင့်နေတဲ့ဂွမြို့နယ်အတွင်းက ရွာတွေကို စစ်တပ်ဗုံးကြဲပြန်

ရေကြီးရေလျှံဖြစ်နေပြီး တမြို့နယ်လုံးနီးပါး ရေဘေးသင့်နေတဲ့ ဂွမြို့နယ်အတွင်းက ကွင်းလျားရှည်၊ ရဟိုင်ကွင်း၊ ကျောင်းကုန်းစတဲ့ လူနေကျေးရွာတွေအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော်ကြဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

(ဂွမြို့နယ်အတွင်းစစ်တပ် ဗုံးကြဲပြီး​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-APM)

ဇူလိုင်-၁၄၊၂၀၂၆။ခိုင်မြတ်/ People’s Spring

ရေကြီးရေလျှံဖြစ်နေပြီး တမြို့နယ်လုံးနီးပါး ရေဘေးသင့်နေတဲ့ ဂွမြို့နယ်အတွင်းက ကွင်းလျားရှည်၊ ရဟိုင်ကွင်း၊ ကျောင်းကုန်းစတဲ့ လူနေကျေးရွာတွေအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော်ကြဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဇူလိုင်လ ၁၃ ရက် ညည့် ၁၀ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ ဗုံးအလုံးရေ ၅၀ ကျော် ဆက်တိုက်ကြဲချခဲ့တာပါ။

“ရေကြီးလို့ လူတွေဒီလောက်ဒုက္ခရောက်နေကြတဲ့အချိန်မှာ ဗုံးကြဲတာ။ ဂွမှာက တမြို့နယ်လုံး ရေကြီးနေတယ်။ လူတွေ မပြောင်းရပေမယ့် အပြင်ထွက်ပြီး သွားလာလို့တောင်မရကြတဲ့အခြေအနေ။ ရွာထဲကျရင်တော့ ထွက်ပြေး လို့တောင် ရမှာမဟုတ်ဘူး အကုန်သေကြမှာ၊ ကံကောင်းလို့ပါ”လို့ ဂွမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်မှုမရှိပေမယ့် လူနေအိမ်အချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဂွမြို့နယ် ဓနိအုပ်စု၊ ကုလားချောင်းရွာနဲ့ ပေါက်တူးရွာစာသင် ကျောင်းတို့ကို ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပါ တယ်။

ဒါ့အပြင် ဇူလိုင်လ ၈ ရက်နေ့ကလည်း ဂွပင်လယ်ပြင်အတွင်း ရပ်နားထားတဲ့ စစ်ရေယာဉ်တွေကနေ လက်နက်ကြီး အလုံး ၃၀ ကျော် လှမ်းပစ်ခဲ့တာကြောင့် ဂွမြို့နယ် ကျိန္တလီမြို့ အမှတ်(၃)ရပ်ကွက် လူနေအိမ်တွေ ပေါ်ကျရောက် ပေါက်ကွဲကာ​ဒေသခံပြည်သူ ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

ဇွန်လ၁၅ ၊၂၀ ၊၂၃ နဲ့ ၂၆ ရက်နေ့ကလည်း ဂွမြို့နယ် ကျိန္တလီမြို့၊ ရေကျော်ရွာ၊ ကံ့ကော်တောင်ရွာ၊ ရမ္မာကျွန်း ရွာ​တွေကို စစ်တပ်က ဗုံးကြဲခဲ့ပြီးကလေးငယ်အပါအဝင်အရပ်သား

ပြည်သူ ၄ ဦး သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းကပြည်သူတွေ သဘာ၀ဘေးအန္တရယ်နဲ့ ရင်ဆိုင်နေရချိန်၊ ရေဘေးသင့်ပြည်သူတွေကို အရေး ပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနေရချိန် လူသားချင်းစာနာမှုကင်းစွာနဲ့ အကြမ်းဖက်လုပ်ရပ်ကျူးလွန်နေ တဲ့ စစ်တပ်ရဲ့လုပ်ရပ်အပေါ် ကောင်းစွာမှတ်တမ်းတင်ထားတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါ တယ်။

“အခုလောက်ယုတ်မာတဲ့ကောင်တွေ မရှိတော့ဘူး။ တချိန်ချိန်မှာ ရာဇဝတ်ခုံရုံးကို ပို့ရမယ်။ ဒါတွေဟာ စစ်ရာဇ ဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်” လို့ ရခိုင်ဒေသခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်နဲ့အစပ် ဧရာ၀တီတိုင်းစစ်မျက်နှာမှာ စစ်တပ်ကအထိနာနေပြီး ဂွမြို့နယ်ကို ဗုံးကြဲတာတွေ ‌ပိုလုပ်နေတာပါ။

စစ်တပ်ဟာ လေကြောင်းဗုံးကြဲနေသလို သူတို့လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး၊ ဧရာ၀တီ တိုင်းနဲ့ အစပ် မြို့နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲမြို့နယ်တို့အတွင်း ပင်လယ်ပြင်မှာ စစ်ရေယာဉ် ငါးစီးထက်မနည်းအချိန်ပြည့်နေရာယူထားပြီး ပင်လယ်ကမ်းစပ်ကျေးရွာတွေကို အဓိကပစ်မှတ်ထားကာလက်နက်ကြီးတွေနဲ့ ခြိမ်းခြောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်မှာအခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ် ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။