Connect with us

Hi, what are you looking for?

သတင်း

ဥပုဒ်နေ့မှာသံတွဲနဲ့ ဂွမြို့နယ်ကိုလည်းစစ်တပ် ဗုံးကြဲ၊ စစ်ရှောင်အပါအဝင်လေးဦး ဒဏ်ရာရ

အာဏာသိမ်းစစ်တပ်က ဩဂုတ်လ ၂၁ ရက်(ဝါတွင်းဥပုဒ်နေ့) မနက်အစောပိုင်းမှာ ရခိုင်ပြည်နယ် ၊ဂွမြို့နယ် ညောင်ချောင်းကျေးရွာ နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့တာကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားလေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

(၂၀၂၅ခု ဇွန်လ ၇ ရက်နေ့က သံတွဲမြို့နယ် ကျောက်ကြီးရွာစာသင်ကျောင်းကိုစစ်တပ်က ဗုံးကြဲပြီး​​နောက်​တွေ့ရစဥ်။ဓာတ်ပုံ-APM )

ဩဂုတ်-၂၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ဩဂုတ်လ ၂၁ ရက်(ဝါတွင်းဥပုဒ်နေ့) မနက်အစောပိုင်းမှာ ရခိုင်ပြည်နယ် ၊ဂွမြို့နယ် ညောင်ချောင်းကျေးရွာ နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့တာကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားလေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ညောင်ချောင်းရွာထဲနဲ့ စစ်ဘေးရှောင်တွေနေထိုင်တဲ့ စာသင်ကျောင်းတို့ကို မနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်သုံးဦးနဲ့ ရွာခံသက်ကြီးပိုင်းအမျိုးသားတဦးတို့ ဒဏ်ရာရခဲ့တာပါ။

“စာသင်ကျောင်းကိုကျတယ်။နောက်ရွာထဲက ဦးထွန်းရွှေအိမ်ကိုကျတယ်။သူလည်း ဒဏ်ရာရသွားတယ်။ အဲနား က အိမ်လေးလုံး ပျက်စီးသွားတယ်။ စစ်ရှောင်သုံးယောက်လည်း ဒဏ်ရာရတယ်။ စစ်ရှောင်နာမည်တွေတော့ မသိရ သေး” လို့ ဂွဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဗုံးကြဲမှုကြောင့်ဒဏ်ရာရသွားတဲ့ ဦးထွန်းရွှေဟာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဒါ့အပြင် သြဂုတ် ၂၁ ရက်မနက်အစောပိုင်း ၁ နာရီကျော်အချိန်မှာလည်း သံတွဲမြို့နယ် ငပလီကမ်းခြေကို စစ်တပ်ကလေယာဉ်အုပ်စုလိုက် နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချိတိုက်ခဲ့ပါသေးတယ်။ အဲဒီဗုံးကြဲမှုကြောင့် အထိအခိုက်အခြေအနေတွေကိုတော့ မသိရ သေးပါဘူး။

“လေယာဉ်ခြောက်စီး၊ခုနှစ်စီးလောက်တောင်ရှိမယ်။ Y12 ကလည်း အနောက်က လိုက်ကြဲတယ်။ အထိအခိုက် များမယ်ထင်တယ်။ သိတော့ မသိရသေးဘူး။အခုလည်းလေယာဉ်တွေတက်နေသေးတယ်”လို့ သံတွဲဒေသခံတ ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA)ကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူသေဆုံး၊ ဒဏ်ရာရရှိမှုနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှု တစ်ရက်ပြီးတစ်ရက် မြင့်တက်နေတယ်လို့ AA က ထုတ်ပြန် ထားပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်ပတ်အတွင်းမှာပဲ AA ထိန်းချုပ်ရာ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀ မြို့တို့မှာ စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃၆ ဦးသေ ဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးထိရှိခဲ့ပြီး တရက်မှာ လူ ၂ ဦးနှုန်း သေဆုံးနေရတာပါ။

AA နဲ့ မြေပြင်တိုက်ပွဲတွေတိုင်းမှာ အထိနာနေတ့စစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အပြစ်မဲ့အရပ် သားပြည်သူလူထုတွေအပေါ် နေ့ညအချိန်မရွေး လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ် ရက်ဆက် ပြုလုပ်လာနေတာကြောင့် အာရက္ခဒေသတခုလုံး လေကြောင်းရန်ကို အချိန်ပြည့်အထူးဂရုစိုက်ကြဖို့ ထပ်မံတိုက်တွန်းကြောင်းလည်း AA ကအသိ​ပေးပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook