Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဂွမြို့နယ်ကို စစ်သင်္ဘောများနဲ့ လက်နက်ကြီးအကြိမ်​ရေ ၈၀​ကျော်ပစ်ခတ်

က​လေးငယ်တဦးအပါအဝင်ပြည်သူ ၆ ဦး ဒဏ်ရာရ

ဇူလိုင်−၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်တပ်က ရခိုင်နဲ့ ဧရာဝတီ ကမ်းခြေတလျှောက်ကနေ ဂွမြို့နယ်ကို လက်နက်ကြီးနဲ့ အကြိမ် ၈၀ကျော်ပစ်ခတ်ခဲ့ပြီး လေကြောင်းကနေလည်း ဗုံးကြဲခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

ဒီ‌ကနေ့ ဇူလိုင် ၈ ရက်မနက် ၇ နာရီကျော်ကနေ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်အထိ ဂွကမ်းခြေနဲ့ ဧရာဝတီတိုင်းက ဘောမိကမ်းခြေတလျှောက်ကို စစ်သင်္ဘော (၄)စီးပေါ်မှ အစုန်အဆန် လှည့်ပတ်ပြီး လက်နက်ကြီး အကြိမ်အရေအတွက် (၈၇) ကြိမ်ခန့် ရမ်းသမ်းပစ်ခတ်တာလို့ ​ဖော်ပြပါတယ်။

အဲဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်အချို့ဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး (၅) နှစ်အရွယ် ကလေးငယ် ၁ ဦး ၊အမျိုးသမီးအချို့အပါအဝင် ပြည်သူ ၆ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဘောမိကမ်းခြေဟာ ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်ထဲမှာ ပါဝင်ပါတယ်။

၂၀၂၄ ဒီဇင်ဘာက ဂွမြို့ကို AAက သိမ်းယူပြီးတဲ့နောက်ပိုင်းမှာလည်း ရွှေသောင်ယံ၊ သာပေါင်းနဲ့ ဂွမြို့နယ်စပ်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

ရွှေသောင်ယံမြို့နယ်မှာဆိုရင် ၂၀၂၅ ဇန်နဝါရီမှာ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဘောမိနဲ့ မကျီးစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့ပါတယ်။ အိမ်ခြေ ၅၀၀ကျော်ရှိတဲ့ ဘောမိရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။

လက်တလော ဇူလိုင်လဆန်းမှာလည်း စစ်တပ်က ‌ပုသိမ်- ရွှေသောင်ယံလမ်းကနေတဆင့် စစ်အင်အားတွေဖြည့်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့အသံတွေကို ကြားနေရတာ ၅ရက်ခန့် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဂွမြို့နယ်ကိုဦးတည်ပြီး ဧရာဝတီတိုင်းရေကြည်မြို့ဘက်ကနေလည်း စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းပိုင်းမှာ ရေကြည်မြို့နယ်က စစ်တပ်ရှေ့တန်းစခန်း ၅ခုကို AAနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။

ဒီကနေ့ညပိုင်းမှာလည်း ဧရာဝတီတိုင်းဇလွန်၊ဟင်္သာတမြို့နယ်တွေဘက်ကနေ စစ်တပ်ရဲ့ ဂျက်ဖိုက်တာတွေက ရေကြည်မြို့နယ်ဘက်ကို ပျံသန်းနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂွမြို့နယ်ကို စစ်တပ်က လေကြောင်းကနေမကြာခဏ ဗုံးကြဲနေပြီး ဇူလိုင် ၇ရက်ကလည်း ဂျက်ဖိုက်တာ၂စီးနဲ့ ဗုံးကြဲသွားတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။