Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကဂွမြို့နယ်ကိုဗုံးကြဲ ​ဒေသခံပြည်သူ ၂ ဦးသေဆုံး၊ က​လေးငယ်​တွေအပါအဝင် ၈ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဇွန်-၁၇၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဗုံးလာကြဲတာဖြစ်ပြီး သေသုံးသွားသူတွေကတော့ အသက် ၅၀ အရွယ် ဦး ဝေလင်းနဲ့ သူ့ရဲ့အိမ်နီးချင်း ၃၈ နှစ်အရွယ် ဒေါ်သူဇာမိုးတို့ဖြစ်ကြပါတယ်။

“ကျွန်မတို့အိမ်နားတဝိုက်မှာကျတာ။ အိမ်နားက ဦးလေးတယောက်သေတယ်။သူ့မိန်းမမှာဆိုရင်ပေါင်ပြတ်သွားတယ်။ တခြားလူတွေလည်း ဒဏ်ရာအရမ်းများတယ်။ သုံးလုံးစလုံး ရွာထဲတည်တည့်ကို ကျတာ။ အရပ်သားတွေ၊ နေတဲ့ရွာ သိရက်နဲ့ တမင်ကြဲတာပါ” လို့ ဗုံးကြဲခံရတဲ့ ရမ္မာကျွန်းကျေးရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဗုံးကြဲမှုကြောင့်အသက် ၁၁ နှစ်အရွယ် မယွန်းအိစံ၊အသက် ၁၂ နှစ်အရွယ် မအေးမြမွန်၊ အသက် ၄၀ အရွယ် ဒေါ်အေးသန္တာ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်ဖြူ၊ အသက်၄၂ နှစ်အရွယ် ဒေါ်ဆုမြတ်ဝေ(သေဆုံးသွားတဲ့ ဦးဝေ လင်းရဲ့ ဇနီး)၊ အသက် ၇၀ အရွယ် ဒေါ်ခင်ဥ၊အသက် ၂၆ နှစ်အရွယ် ကိုအောင်သူရဝင်းနဲ့ အသက်၅၃ နှစ်အရွယ် ဦးကျော်ညွှန့်ဌေးတို့ ဒဏ်ရာရခဲ့ကြပါတယ်။

ရမ္မာကျွန်းကျေးရွာမှာကျိန္တလီမြို့နဲ့ တစ်မိုင်ကျော်အကွာ ဘင်္ဂလားပင်လယ်ကမ်းခြေ ရေလယ်ကျွန်းပေါ်တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ရေလုပ်ငန်းနဲ့အဓိကသက်မွေးကြတဲ့ ကျေးရွာတခုဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ဇွန်လ ၁၄ ရက်နေ့ကလည်း ဂွမြို့နယ် ကျောက်ချွန်ရွာကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့တာကြောင့်အဲဒီရွာစာသင်ကျောင်းထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ဒါ့အပြင်အခုရက်ပိုင်းအ တွင်းမှာပင်လယ်ပြင်အတွင်း ရပ်နားထားတဲ့ စစ်ရေယာဉ်(Navy)တွေကနေလည်း လက်နက်ကြီးတွေနဲ့ လူနေ ကျေးရွာတွေ၊ တောင်တန်းတွေကို ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

“ဂွမြို့နယ်မှာ တိုက်ပွဲပြီးတော့ စစ်ရှောင်တွေတချို့ ပြန်ရောက်နေကြပြီ။ အခု စစ်တပ်က ဒီလိုဗုံးတွေကြဲ၊ Navy တွေက ပစ်နေတော့ ထပ်ပြီးတော့ ရှောင်ကြရတယ်။ ဒီကောင်တွေက လူနေတွေကို တမင်နေလို့မရအောင် လုပ်နေ တာ” လို့ ဂွမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာသူတို့လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်အစွန်ဆုံး၊ ဧရာ၀တီတိုင်းနဲ့ အစပ်မြို့ နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲမြို့နယ်တို့အတွင်း ပင်လယ်ပြင်မှာ စစ်ရေယာဉ် ငါးစီးထက်မနည်း အချိန်ပြည့်နေရာ ယူ ထားပြီး ပင်လယ်ကမ်းစပ်ကျေးရွာတွေကို အဓိကပစ်မှတ်ထားတာ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်နေ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“စစ်တပ်ကကမ်းတက်ဖို့ကြိုးစားနေတဲ့ပုံစံ၊အဲဒါကြောင့်လည်းကမ်းခြေကရွာတွေကို တမင်လိုက်ဖျက်စီးနေတာ၊ လူတွေ နေလို့မရတော့ရင် သူတို့တက်ဖို့လုပ်တာထထင်တယ်။ ဒါပေမယ့် ရခိုင်က မြို့တွေကိုတော့ တန်ပြန် ထိုးစစ် ဆင်ဖို့ဆိုတာ ကျွန်တော့်အမြင် မလွယ်တော့ဘူး” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သံတွဲဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် သုံးစီးသုံးစီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေတပြိုင်တည်းသုံးပြီး လေ ကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူး သတိထားကြဖို့ AA က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။