သတင်း ရွှေဘို – မန္တလေးလမ်းပိုင်းရှိ ရွာသာကြီးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူ ၃၀ခန့် ထိခိုက်ဒဏ်ရာရ၊ စစ်တပ်က ရွာကိုပါ မီးတင်ရှို့နေ စစ်ကောင်စီတပ်သောင်းကျန်းနေ၍ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းပိုင်းများအား ယနေ့လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။ LuduNwayOoစက်တင်ဘာ 25, 2022
သတင်း ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းခွဲတိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြား ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ LuduNwayOoစက်တင်ဘာ 25, 2022
သတင်း ဖာပွန်ခရိုင်အတွင်း ယမန်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ် ငါးဦးသေ၊ ကားတစ်စီးဖျက်ဆီးနိုင်ခဲ့ဟု KNUတပ်မဟာ(၅) အသိပေး KNUတပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။ LuduNwayOoစက်တင်ဘာ 25, 2022
သတင်း တမူးတွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်အများအပြား ထိခိုက်ဒဏ်ရာရ အဆိုပါတိုက်ခိုက်မှုကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma)နှင့် PDF-CEU တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြား PDFများကလည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ LuduNwayOoစက်တင်ဘာ 25, 2022
သတင်း KNU တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ အဆိုပါ ဗိုလ်မှူးကို ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက်တွင် သေနတ်တစ်လက် ၊ ဆက်သွယ်ရေးစက် ၆လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း PVTVက ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 25, 2022
သတင်း တန့်ဆည်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ငါးကြိမ်မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများနိုင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့အား နေ့လယ် ၁ နာရီခန့်တွင် မိုင်ပွိုင့်သုံးကြိမ်၊ ၂နာရီခွဲခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်၊ ၂ နာရီ ၅၀မိနစ် ခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်ဖြင့် စုစုပေါင်း ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း ခင်ဦးနယ် အင်းပတ်ရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ဝင်တိုက် ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက် ၉နာရီခန့်က အင်းပတ်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်များကို ခင်ဦး PDFနှင့် အခြားဒေသတွင်း PDF များ၊ ပကဖ အဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကြောင်း SSTF ( MRDA တပ်ခွဲ-ခင်ဦး )က အသိပေးသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် (ပအဖ) ကြေညာ စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များတွင်လည်း Non CDM ဝန်ထမ်းများ အမြန်ဆုံးအလင်းဝင်ရန် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်ထားသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း စစ်ကောင်စီတပ် ပိတ်ပင်မှုများကြောင့် ရခိုင်စစ်ရှောင်များစားနပ်ရိက္ခာ အကြပ်အတည်း ပိုမိုရင်ဆိုင် လာရ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မောင်တောနှင့် ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေများထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ရှောင် ခြောက်သောင်းကျော်ရှိသည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း ပခုက္ကူမြို့နယ်ရှိ နေအိမ် ၆၀ကျော်ကို စစ်ကောင်စီတပ် မီးတင်ရှို့ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၂ ရက်နံနက် ၆ နာရီခန့်က ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 24, 2022