Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းထိ​သောစစ်​ကောင်စီတပ်ကားပြင်နေစဥ်PDFကတိုက်ခိုက်ရာ စစ်သား၈ဦးသေဆုံး

ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ ၂ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခေါ်ဆောင်လာရာလမ်းတွင် သေဆုံး ၁ ဦးမှာ စခန်းတွင်ဆေးဝါးကုသပေး‌စဉ်သေဆုံးသွားခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

(သိမ်းဆည်းရမိသော ရန်သူ့လက်နက်ပစ္စည်းများ။ ဓာတ်ပုံ-CHUPDF)
(သိမ်းဆည်းရမိသော ရန်သူ့လက်နက်ပစ္စည်းများ။ ဓာတ်ပုံ-CHUPDF)

▪︎လက်နက် ၃ လက်နှင့်ကျည်များအပါအဝင် စစ်အသုံးအဆောင်များသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းတွင် မိုင်းထိသည့်ထောက်ပို့ကားပြင်နေစဥ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး လက်နက်နှင့်ကျည်အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်နေ့)က စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှ ရဲဘော်များက ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီကား(၁)စီးပျက်စီးရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကားနောက်တစ်စီးကရပ်တန့်ကူညီခဲ့ကြောင်းချောင်းဦး PDFက ပြောသည်။

စစ်ကောင်စီ ကား (၂) စီးရပ်တန့်ပြုပြင်နေကြောင်း CHUPDF တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) ရဲဘော်များ၏ သတင်းပေးပို့ချက်အရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) – ချောင်းဦးမြို့နယ် တာဝန်ခံထံ ဆက်လက်သတင်းပို့ကာ ချောင်းဦးမြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနှင့်လေ့ကျင့်ရေးတာဝန်ခံဦးစီး အင်အား ၄ ဦး နှင့် CHUPDF တပ်ခွဲ (၁)၊ တပ်ခွဲ (၄) ပူးပေါင်းအဖွဲ့က အဆိုပါကား (၂) စီးကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့သည်။

ကားပေါ်တွင်ပါရှိသော စစ်ကောင်စီ လက်နက်ကိုင် ၅ ဦးနှင့် ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် စစ်ကောင်စီ လက်နက်ကိုင် ၁ ဦး ပေါင်း (၆) ဦး သေဆုံးခဲ့ပြီး ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာဖြင့်အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချောင်းဦး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ ၂ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခေါ်ဆောင်လာရာလမ်းတွင် သေဆုံး ၁ ဦးမှာ စခန်းတွင်ဆေးဝါးကုသပေး‌စဉ်သေဆုံးသွားခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

၎င်းတို့ထံမှ BA-72(G1) ၁လက်၊ MA-3 ၁လက်၊ BA-94(Uzhi) ၁လက်၊ 7.62(ကပစ) ၂၀တောင့်၊ 5.56(ကပစ) ၂၆တောင့်၊ 9mm(ကပစ) ၁၅တောင့်၊ ဓားမြှောင် ၁လက်၊ Mytel Keypad ၁လုံး၊ walkitalki (ဆက်သွယ်ရေးစကားပြောစက်) ၁လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ထိုဖြစ်စဥ်တွင် CHUPDF တပ်ခွဲ (၁) မှ ရဲဘော် ၁ ဦး၊ တပ်ခွဲ (၄) မှ ရဲဘော် ၁ ဦး ပေါင်း ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။