Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ် မိုင်တိုင်(၂၈)အနီးတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရေး – ထားဝယ်လမ်းအတိုင်းမောင်းနှင်လာသည့် အထက်ပါ စစ်ကောင်စီတပ်မှ ကားလေးစီးတွင် နှစ်စီးမိုင်းထိပြီး ထိုးရပ်သွားရာ စစ်ကောင်စီတပ်ဘက်မှ (၄၀)မမအပါအဝင် စစ်သေနတ်များဖြင့် ၅ မိနစ်ခန့်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် မိုင်တိုင်(၂၈)အနီးတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးရှိနိုင်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က ယနေ့(စက်တင်ဘာ ၂၅)ထုတ်ပြန် သည်။

စက်တင်ဘာ ၂၄ ရက်နံနက် ၆ နာရီခန့်က ထားဝယ်မြို့ဘက်မှလာသော စစ်ကောင်စီတပ်များလိုက်ပါလာသည့် Vigo ကားသုံးစီးနှင့် Probox ကားတစ်စီးတို့ကို ရေဖြူနယ် မိုင်တိုင် (၂၈)အနီးတွင် ရှေ့ထွက်မိုင်းတစ်လုံး၊ YPPDF က စမ်းသပ်ထုတ်လုပ်ထားသော လက်လုပ်မိုင်းတစ်လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရေး – ထားဝယ်လမ်းအတိုင်းမောင်းနှင်လာသည့် အထက်ပါ စစ်ကောင်စီတပ်မှ ကားလေးစီးတွင် နှစ်စီးမိုင်းထိပြီး ထိုးရပ်သွားရာ စစ်ကောင်စီတပ်ဘက်မှ (၄၀)မမအပါအဝင် စစ်သေနတ်များဖြင့် ၅ မိနစ်ခန့်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

“စစ်ကောင်စီတပ်သားများမှာ အထိအခိုက်အကျဆုံးရှိသည်”ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

YPPDF နှင့် မဟာမိတ်ညီနောင်တပ်ဖွဲ့များသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များအား အလျဥ်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် ၎င်းတို့နှင့် နီးကပ်စွာနေထိုင်သွားလာခြင်းမပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် လုပ်ငန်းများ ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။