Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ် မိုင်တိုင်(၂၈)အနီးတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရေး – ထားဝယ်လမ်းအတိုင်းမောင်းနှင်လာသည့် အထက်ပါ စစ်ကောင်စီတပ်မှ ကားလေးစီးတွင် နှစ်စီးမိုင်းထိပြီး ထိုးရပ်သွားရာ စစ်ကောင်စီတပ်ဘက်မှ (၄၀)မမအပါအဝင် စစ်သေနတ်များဖြင့် ၅ မိနစ်ခန့်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် မိုင်တိုင်(၂၈)အနီးတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးရှိနိုင်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က ယနေ့(စက်တင်ဘာ ၂၅)ထုတ်ပြန် သည်။

စက်တင်ဘာ ၂၄ ရက်နံနက် ၆ နာရီခန့်က ထားဝယ်မြို့ဘက်မှလာသော စစ်ကောင်စီတပ်များလိုက်ပါလာသည့် Vigo ကားသုံးစီးနှင့် Probox ကားတစ်စီးတို့ကို ရေဖြူနယ် မိုင်တိုင် (၂၈)အနီးတွင် ရှေ့ထွက်မိုင်းတစ်လုံး၊ YPPDF က စမ်းသပ်ထုတ်လုပ်ထားသော လက်လုပ်မိုင်းတစ်လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရေး – ထားဝယ်လမ်းအတိုင်းမောင်းနှင်လာသည့် အထက်ပါ စစ်ကောင်စီတပ်မှ ကားလေးစီးတွင် နှစ်စီးမိုင်းထိပြီး ထိုးရပ်သွားရာ စစ်ကောင်စီတပ်ဘက်မှ (၄၀)မမအပါအဝင် စစ်သေနတ်များဖြင့် ၅ မိနစ်ခန့်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

“စစ်ကောင်စီတပ်သားများမှာ အထိအခိုက်အကျဆုံးရှိသည်”ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

YPPDF နှင့် မဟာမိတ်ညီနောင်တပ်ဖွဲ့များသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များအား အလျဥ်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် ၎င်းတို့နှင့် နီးကပ်စွာနေထိုင်သွားလာခြင်းမပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် လုပ်ငန်းများ ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook