Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ-We Love Myaing
ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကြက်ဆူအိုင့်ကျေးရွာကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ၂၅ ရက်) ညက မြိုင်နယ် အနောက်ပိုင်း ပေါက်နယ်စပ်ရှိ ပေါက်မြို့နယ် ကြက်ဆူအိုင့်ကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်များသ​ည် ယနေ့ (စက်တင်ဘာ ၂၆ ရက်) နံနက် ၇ နာရီခန့်တွင် ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က အသိပေးသည်။

အဆိုပါစစ်ကြောင်းသည် ကန်နီ ပျူစောထီးရွာ အထိုင်ချစခန်းမှ မြိုင်နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းဖြစ်ကြောင်း၊ စက်တင်ဘာ၂၃ ရက်က သန်းနုတောရွာ၌ ညအိပ် ပြီး စက်တင်ဘာ၂၄ ရက်တွင် မှန်ရင်းရွာ၊ယမန်နေ့ (စက်တင်ဘာ၂၅ ရက်)တွင် ကျောက်ခွက်ရွာနှင့် ပေါက်မြို့နယ်မြောက်ပိုင်း ကြက်ဆူအိုင့်ရွာနှင့် သရက်ကန်ရွာကို ဝင်ရောက်ခဲ့ကြောင်း We Love Myaing အဖွဲ့တာဝန်ရှိသူက ပြောသည်။

“မနေ့ ညနေက ကြက်ဆူအိုင့်ရွာအနီးက တောထဲမှာ ညအိပ်ပြီး ဒီနေ့မနက် ရွာကို မီးဝင်ရှို့တာပါ။ အိမ်ခြေကတော့ နှစ်ရာလောက်ရှိတယ်​။ အဲဒီရွာက ပေါက်နယ်နဲ့ မြိုင်နယ်အစပ်မှာ ရှိတာပါ။ရွာပတ်လည်မှာ ရေနံထွက်တော့ ရွာက စည်တယ်။”ဟု We Love Myaing အဖွဲ့တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (စက်တင်ဘာ ၂၅ ရက်) နံနက်ပိုင်းက မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မြိုင်(ပကဖ)အဖွဲ့က မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့သေးသည်။

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။