Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီးလာလို့ထိုင်းဘုရားကျောင်းတစ်ခုမှာမွေးထားတဲ့မိကျောင်းကြီးကို အရေးပေါ် ပြောင်းရွှေ့

ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

ဓာတ်ပုံ - The Nation

စက်တင်ဘာ – ၂၈ ၊ ၂၀၂၆

ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

ပရာချင်ဘူရီမှာ ရေကြီးရာကနေ ဝတ်ဖိုသောင် ဗုဒ္ဓဘာသာ ဘုရားကျောင်းမှာ မွေးထားတဲ့ အသက် ၂၇ နှစ်အရွယ် မိကျောင်းကြီးကို ထားရှိတဲ့ ခြံဝင်းထဲ ရေတွေ စတင် ဝင်ရောက်လာတာကြောင့် ဘုရားကျောင်း တာဝန်ရှိသူတွေက အဲဒီ တွားသွား သတ္တဝါကြီး လွတ်သွားမှာကို စိုးရိမ်လာပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာ အာဏာပိုင်တွေဆီ အကြောင်းကြားပြီး မိကျောင်းကြီးကို ရွှေ့ပြောင်းပေးရေး ကူညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ရေတက်လာတဲ့ အချိန်ကျရင် မိကျောင်းကြီးဟာ အနီးမှာရှိတဲ့ ပရာချင်ဘူရီ မြစ်ထဲကို လွတ်မြောက်သွားနိုင်တာကြောင့်လည်း အခုလို အပူတပြင်း ရွှေ့ပြောင်းဖို့ လိုအပ်လာတာပါ။ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ ဒေသခံ ရေလုပ်ငန်းဌာန၊ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ မိကျောင်းကြီးကို ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပရာချင်ဘူရီရဲ့ ဆီမဟာဖို မြို့နယ် အုပ်ချုပ်ရေးမှူး ဂျူသာမက်စ် ဘွာဖူအန်းက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နွမ်သောင်လို့ နာမည်ပေးထားတဲ့ မိကျောင်းကြီးရဲ့ မေးရိုးနဲ့ ခြေလက်တွေကို မလှုပ်ရှားနိုင်တာ သေချာအောင် ကြိုးတွေနဲ့ အရင်ချည်ပြီးတဲ့နောက် ကရိန်းကား တစ်စီးကို သုံးပြီး ထရပ်ကား တစ်စီးပေါ် တင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၁၃ ပေလောက်ရှည်တဲ့ သားရဲကြီးကို ၁၂ မိုင်လောက် ဝေးလံတဲ့ တခြားသင့်တော်ရာ တစ်နေရာဆီကို ယာယီ ရွှေ့ပြောင်းထားလိုက်ပါတယ်။

ဝတ်ဖိုသောင် တဝိုက်မှာ ရေကလေးပေခွဲလောက်ထိ တက်လာတာကြောင့်လည်း မိကျောင်းကြီးကို ပြောင်းရွှေ့ဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။

အခြေအနေတွေ ပိုဆိုးမလာခင် မိကျောင်းကြီးကို အချိန်မီ ပြောင်းရွှေ့ထားနိုင်ခဲ့တဲ့အတွက် စိတ်သက်သာရ ရမိကြောင်း ဘုရားကျောင်းရဲ့ ကျောင်းထိုင် ဘုန်းတော်ကြီးက မိန့်ပါတယ်။

ထိုင်းမှာတော့ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်း တချို့မှာ ဘေးမဲ့လွှတ်ထားတဲ့၊ လာရောက်လှူဒါန်းထားတဲ့၊ ကယ်ဆယ်ထားတဲ့ တောရိုင်း တိရစ္ဆာန်တွေကို စောင့်ရှောက် မွေးမြူတတ်ကြပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ လလယ်ကစလို့ ထိုင်းနိုင်ငံ အနှံ့မှာ ရေကြီးမှုတွေနဲ့ ဆက်စပ် သေဆုံးသူ ၈ ဦးထိ ရှိလာကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတဝှမ်းမှာ မိုးကြီးပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီး ဒီနေ့ (စက်တင်ဘာလ ၂၈ ရက်)အထိ သေဆုံးသူဦးရေဟာ ၁၃ ဦးအထိရှိလာပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးနေတဲ့ လမ်းမကြီးတစ်ခုမှာ ရေပေါ်လျှပ်ပြေးဆိုင်ကယ် (ဂျက်စကီး) လျှောက်စီးနေတဲ့ အမျိုးသား အဖမ်းခံလိုက်ရပါတယ်။

Facebook