Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် မီးဘေးသင့်၊ စစ်ဘေးသင့်နေသည့် ဂန့်ဂေါနယ်ခံများကို မြို့နယ် ပအဖ ထောက်ပံ့ကူညီ

စုစုပေါင်း ထောက်ပံ့သောငွေ ၂၁ သိန်းကျော်နှင့် ဆီပိဿာချိန် ၇၀နီးပါးရှိပြီး ကျပ်သိန်း ၂၀ကျော်တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများဖြန့်ဝေ ထောက်ပံ့ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅၀ကျော် ကို စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများကို ကူညီပေးခဲ့သည်ဟု​ဖော်ပြထားသည်။

▪︎ဆက်လက် ကူညီပံ့ပိုးနိုင်ရန် အလှူရှင်များကို ဖိတ်ခေါ်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင် ဝင်ရောက်ပြီး ဒေသခံများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူအများအပြားရှိနေပြီး ယင်းဒေသခံများကိုကူညီထောက်ပံ့ပေးခဲ့ ကြောင်း ဂန့်ဂေါမြိုနယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ရက်နေ့တွင် ဂန့်ဂေါမြို့နယ်မောက်၊ မောက်လင်း၊ ကျော်ရွာ၊ ထယ်လှော် ကျေးရွာများရှိ မီးဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀၀၀၀ နှင့် ဆီ ၅၀ကျပ်သားစီ ပေးအပ်ခဲ့ပြီး မြင်းဇာ၊ လာပို့၊ ရွာစည် ၊ ရွှေတောင် ကျေးရွာများရှိမီးဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀၀၀ နှင့် ဆီ ၅၀ကျပ်သားစီ ပေးအပ်ခဲ့သည်ဟု အသိပေးထားသည်။

စုစုပေါင်း ထောက်ပံ့သောငွေ ၂၁ သိန်းကျော်နှင့် ဆီပိဿာချိန် ၇၀နီးပါးရှိပြီး ကျပ်သိန်း ၂၀ကျော်တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများဖြန့်ဝေ ထောက်ပံ့ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅၀ကျော် ကို စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများကို ကူညီပေးခဲ့သည်ဟု​ဖော်ပြထားသည်။

ကူညီထောက်ပံ့ရန်ကျန်ရှိနေသောစစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများအတွက်လည်း ဆက်လက်ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ဂန့်ဂေါ ပအဖက ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင် ကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook