Connect with us

Hi, what are you looking for?

သတင်း

စနိုက်ပါစစ်သည်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးထပ်သေဟု ကော်ဘရာ စစ်ကြောင်း အသိပေး

ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါစစ်သည်များ၏ စွမ်းဆောင်ချက်ဖြင့် စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

▪️တစ်ပတ်အတွင်း စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၁၄ဦးထက်မနည်းသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ တောင်နီကျေးရွာအနီး တွင်ယနေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တောင်နီကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ခမရ(၁၀၄)တပ်အား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့ များဘက်က စက်တင်ဘာ ၂၅ရက် နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါစစ်သည်များ၏ စွမ်းဆောင်ချက်ဖြင့် စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါဒေသတွင် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင် စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်များကို စနိုင်ပါဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများလုပ်ဆောင်ခဲ့ ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် တစ်ပတ်တာအတွင်း ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါ စစ်သည်တော်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၄ဦးထက်မနည်း သေဆုံးခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။