သတင်း တလုပ်မြို့တိုက်ပွဲ စစ်တပ် သေဆုံးမှုများ၊ စစ်တပ်က လေယာဉ်ပစ်ကူနဲ့ ပြန်ဆုတ် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။ ludunwayooအောက်တိုဘာ 30, 2026
သတင်း စစ်တွေမှာစစ်သင်္ဘောတွေ တိုက်ခိုက်နစ်မြှပ်ခံရပြီးနောက် စစ်တပ်ကအရပ်သားငါးဖမ်းလှေတွေကို လိုက်ပစ်နေ စစ်တပ်က ပစ်ခတ်လို့ ပေါက်တောမြို့နယ်မှ ရိုဟင်ဂျာငါးဖမ်းသမား ၄ ဦးသေဆုံး ludunwayooအောက်တိုဘာ 30, 2026
သတင်း မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ဗုံးကြဲနေ ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ ludunwayooအောက်တိုဘာ 30, 2026
သတင်း သရက်ချောင်းနဲ့ ပုလောက ကျေးရွာအချို့ကို စစ်တပ် တိုက်ခိုက်လို့ ပြည်သူ ၈ဦး ဒဏ်ရာရ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်တွေက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူတွေ ဒဏ်ရာရတာ နေအိမ်တွေပျက်စီးတာ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 30, 2026
သတင်း ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်ရဲ့ တိုက်က်ခိုက်မှုတွေကြောင့် တပတ်အတွင်း ပြည်သူ ၈ဦးသေဆုံး မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ တပတ်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 29, 2026
သတင်း အင်းတော်တိုက်ပွဲမှာ စစ်တပ်က တပ်ရင်းမှူးတဦးထပ်မံသေဆုံး နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ဆန်းဝင်းလည်းပျောက်ဆုံးနေသလို အင်းတော်တိုက်ပွဲတွေမှာ စစ်တပ်အရာရှိအများအပြားသေဆုံး ludunwayooအောက်တိုဘာ 29, 2026
သတင်း စစ်တပ်ကဆိပ်ဖြူကပစ(၂၂) မှ ပေါက်သို့ အင်အားဖြည့်ဖို့စီစဥ် မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။ ludunwayooအောက်တိုဘာ 28, 2026
မေးမြန်းခန်း “ကျွန်တော်တို့ တပ်မှူးချုပ်လည်း ပြောထားတဲ့အတိုင်း ရခိုင်ပြည်မှာ ကျန်နေသေးတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်တွေကို ရခိုင်ပြည်ထဲက ရှင်းထုတ်ဖို့ လုပ်ငန်းတာဝန်ကိုတော့ ဆက်ပြီးတော့ အကောင်းဆုံး လုပ်နေတာရှိပါတယ်” AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ မေးမြန်းခန်း ludunwayooအောက်တိုဘာ 28, 2026
သတင်း မြန်မာ-အိန္ဒိယနယ်စပ်အနီးတိုက်ပွဲ စစ်တပ်နဲ့ ပူးပေါင်းတပ်မှအရာရှိအပါအဝင်၈ဦးသေဆုံး အိန္ဒိယ-မြန်မာနယ်စပ်ကနေဝင်လာပြီး မြန်မာရွာဘက်ကို စစ်ကြောင်းထိုးမီးရှို့လို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်ဘက်က အရာရှိနှစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ ludunwayooအောက်တိုဘာ 28, 2026
သတင်း နောင်ချို မြို့မ ဗလီကို စစ်တပ်က နိုင်ငံပိုင်သိမ်းယူမှုကို CSW ရှုတ်ချ ရှမ်းပြည်နယ်၊ နောင်ချိုမြို့လယ်က ဗလီ အဆောက်အအုံကို နိုင်ငံပိုင်အဖြစ် ချိပ်ပိတ် သိမ်းယူဖို့ အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားရာ တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ (CSW)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ ludunwayooအောက်တိုဘာ 28, 2026