Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ဗုံးကြဲနေ

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေ ရှေ့တန်းထွက်ဖို့ပြင်ဆင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar)

အောက်တိုဘာ-၂၉၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

မိုးမိတ်မြို့နဲ့ မြစ်ဆုံကြားမှာ မနေ့က အောက်တိုဘာ၂၈ရက်မနက်ပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ အောက်တ်ိုဘာ ၂၉ရက်ညနေပိုင်းမှာလည်း ဂျက်ဖိုက်တာနဲ့ ရဟတ်ယဉ်တွေလာပြီး ဗုံးကြဲနေတယ်လို့ သိရပါတယ်။

” အရင်ရက်ကထက် ပိုပြီးပြင်းထန်တာကမနေ့ကစတယ်။ ပေါက်ကွဲသံတွေက ပြင်းထန်တယ်။ မြစ်ဆုံဖက်ကို သွားတဲ့လမ်းမှာ ချနေကြတာပါ”လို့ မိုးမိတ်ဒေသခံတစ်ဦး ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းကစပြီး

စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မိုးမိတ် – မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလလယ်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့ပြီးနောက်ပိုင်း ယခုရက်ပိုင်း တိုက်ပွဲ တကျော့ပြန်ပြင်းထန်နေတာလို့ သိရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် မိုးမိတ် – မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ KIA ပူးပေါင်းတပ်တွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းမှာပါဝင်တဲ့ မိုးကုတ်မြို့၊ သပိတ်ကျင်းမြို့ တွေဟာ နယ်မြေချင်း ဆက်စပ်နေပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကို ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော် တွေက သတိပေးပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ဆက်စပ်နေတဲ့ ကချင်ပြည်နယ် ရွှေကူမြို့၊ဗန်းမော်မြို့တို့မှာလည်း စစ်ရေးတင်းမာနေပါတယ်။

ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ၂၈ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ KIA နဲ့ စစ်တပ်ဟာ ကချင်နဲ့စစ်ကိုင်းတိုင်းနယ်စပ်ဒေသမှာလည်း စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။