Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-အိန္ဒိယနယ်စပ်အနီးတိုက်ပွဲ စစ်တပ်နဲ့ ပူးပေါင်းတပ်မှအရာရှိအပါအဝင်၈ဦးသေဆုံး

အိန္ဒိယ-မြန်မာနယ်စပ်ကနေဝင်လာပြီး မြန်မာရွာဘက်ကို စစ်ကြောင်းထိုးမီးရှို့လို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်ဘက်က အရာရှိနှစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

(ကူကီးအမျိုးသားတပ်မတော်(KNA-B )တပ်ဖွဲ့ဝင်တဦး ။ဓါတ်ပုံ-KNA-B)

​အောက်တိုဘာ-၂၇၊၂၀၂၆။အိမ်သွင်/People’s Spring .

အိန္ဒိယ-မြန်မာနယ်စပ်ကနေဝင်လာပြီး မြန်မာရွာဘက်ကို စစ်ကြောင်းထိုးမီးရှို့လို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်ဘက်က အရာရှိနှစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်တပ်ဦးဆောင်ပြီးရှမ်းနီတပ်(SNA)၊ နာဂတပ်(NSCN-IM)နဲ့ ကသည်းတပ်တွေ ပါဝင်တဲ့စစ်ကြောင်းက နှစ်နိုင်ငံနယ်စပ်အနီးက ဖိုင်ရန်ကျေးရွာကို အောက်တိုဘာ၂၀ ရက်နေ့ မ‌နက်အစောပိုင်းမှာ ဝင်ရောက်လာပြီး စစ်ကြောင်းထိုးမီးရှို့တဲ့အတွက်ကူကီးအမျိုးသားတပ်မတော်(KNA-B )နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာပါ။

“NSCN-IM ဘက်ကအရာရှိနှစ်ယောက်ပါတယ်။သူတို့ပူးပေါင်းတပ်ဘက်က စုစုပေါင်းရှစ်ယောက်သေတယ်။ ဒဏ်ရာရတွေလည်းများတယ်။ အခုကတော့သူတို့ထွက်ပြေးသွားပြီး အခြေအနေငြိမ်နေတယ်”လို့ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာစစ်တပ်ထိန်းချုပ်ထားတဲ့ တမူးမြို့နယ်၊ မင်းသာရွာကနေ အိန္ဒိယနယ်ထဲကို ဝင်သွားပြီးမှ ဖိုင်ရန်ကျေးရွာကို ဝင်ရောက် မီးရှို့တာလို့ ဆိုပါတယ်။ နေအိမ်ရှစ်လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ကူကီးအမျိုးသားတပ်မတော်(KNA-B )ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့နဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းပါဝင်လာတဲ့NSCN-IMဟာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)ကနေ ခွဲထွက်လာတဲ့ လက်နက်

ကိုင်တပ်ဖြစ်ပါတယ်။ အိန္ဒိယအစိုးရကိုတိုက်ခိုက်ပြီး နာဂလူမျိုးများ နေထိုင်ရာ ဒေသအားလုံးကို အချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့တွင်းသဘောထားကွဲလွဲမှုတွေကြောင့်NSCN-IM နဲ့ NSCN-K/AM အပါအဝင် အဖွဲ့ခွဲတွေ ကွဲထွက်ခဲ့ပါတယ်။ ၎င်းတို့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်မှာလည်းNSCN-K/AMအဖွဲ့အဟာ စစ်ကောင်စီနဲ့နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့တာတွေရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၂ ရက်မှာ စစ်ကောင်စီလက်အောက်ခံအမျိုးသားစည်းလုံးညီညွတ်ရေးနှနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NSCN-K/AM တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခြားမြို့နယ်တွေ ထပ်မံထည့်သွင်းပေးဖို့ NSCN-K/AM က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းတို့နဲ့ ၁၀၂၁ မိုင်ခန့် ထိနယ်စပ်ဆက်စပ်နေပါတယ်။နယ်စပ်‌တလျှောက်မှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့တွေရှိနေပါတယ်။နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့အ

ချို့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားပါတယ်။

တမူးခရိုင်မှာ မြို့သစ်မြို့နဲ့ ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းတိုက်ပွဲတွေမှာ ကသည်းတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေ ရရှိခဲ့ဖူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယအစိုးရထံ တရားဝင်လွှဲပြောင်းပေးဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုအပေါ် မဲ့ကုကင်းဒေသရှိ ထိုင်းပြည်သူ​တွေက ဒီက​နေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ နောင်ချိုမြို့လယ်က ဗလီ အဆောက်အအုံကို နိုင်ငံပိုင်အဖြစ် ချိပ်ပိတ် သိမ်းယူဖို့ အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားရာ တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ (CSW)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

Facebook