Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းနဲ့ ပုလောက ကျေးရွာအချို့ကို စစ်တပ် တိုက်ခိုက်လို့ ပြည်သူ ၈ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်တွေက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူတွေ ဒဏ်ရာရတာ နေအိမ်တွေပျက်စီးတာ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU - Mergui-Tavoy District

အောက်တိုဘာ ၂၉၊၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်တွေက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူတွေ ဒဏ်ရာရတာ နေအိမ်တွေပျက်စီးတာ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)က သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် ကစယ်ဒို(သရက်ချောင်း)မြို့နယ် စုံစင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို လယ်မူလားမြို့နယ်(ပုလောမြို့နယ်) ပြည်ခြားရွာကို စစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာပါ။

အောက်တိုဘာ ၂၇ရက် စုံစင်ကျေးရွာ ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူ ၅ဦး ဒဏ်ရာရကာ နေအိမ် ၁လုံးပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ခြားရွာကိုတော့ အောက်တိုဘာ ၂၆ရက်မှာ ၁ကြိမ်၊ အောက်တိုဘာ ၁၈ရက်မှာ ၁ကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အမြောက်တပ် အမတ(၃၀၉)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အောက်တိုဘာ ၁၈ရက်နေ့မှာ ပြည်ခြားရွာက ဒေသခံ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။ အောက်တိုဘာ ၂၆ရက်တိုက်ခိုက်မှုမှာတော့ ပြည်သူထိခိုက်မှုမရှိဘဲ နေအိမ် အချို့သာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

သရက်ချောင်းနဲ့ ပုလောမြို့နယ်တွေဟာ စက်တင်ဘာလအတွင်းက တနင်္သာရီတိုင်း အတွင်းဖြစ်ပွားခဲ့တဲ့ ရေကြီး၊ မြေပြို သဘာ၀ဘေးမှာ ပါဝင်ခဲ့တဲ့ မြို့နယ်တွေဖြစ်ပြီး စစ်တပ်က သဘာ၀ဘေးကို မကူညီတဲ့အပြင် အဲဒီမြို့နယ်တွေကို စစ်ကြောင်းထိုးတာ၊ လေယာဉ်၊ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်စစ်ကြောင်းထိုးလို့ ပုလောမြို့နယ် ပလောက်မြို့အနီး ဒေသတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ခဲ့တာတွေလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။