Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ တိုက်မီးလောင်လို့ ၁၄ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းသုံး တိုက်တစ်လုံးမှာ မီးလောင်မှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းသုံး တိုက်တစ်လုံးမှာ မီးလောင်မှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရှန်ရှီးပြည်နယ်၊ တိုင်ယွမ်မြို့က အဆောက်အအုံမှာ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ခဲ့တာလို့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မီးလောင်မှုအတွင်း ၁၄ ဦး သေဆုံးခဲ့ပြီး ၃၈ ဦးကိုတော့ ဆေးရုံ တင်ပို့ထားရတယ်လို့ ဆိုပါတယ်။

ကနဦးက သေဆုံးသူ ၅ ဦးလို့ ထုတ်ပြန်ခဲ့ပေမယ့် ၉ ထပ် အဆောက်အအုံ မီးလောင်မှုမှာ နောက်ထပ် သေဆုံးစာရင်းက ခပ်မြန်မြန် တိုးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အဆောက်အအုံဟာ အထပ်မြင့် တိုက်ကြီးတစ်လုံးနဲ့ တွဲလျက် တည်ရှိတာ ဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ မီးလောင်နေတဲ့ အထပ်တွေရဲ့ ပြတင်းပေါက်ကနေ လူတချို့က အော်ဟစ် အကူအညီ တောင်းနေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး စုံစမ်းမှုတွေအရ မီးဟာ ၅ ထပ်နဲ့ ၆ ထပ်က စတင် လောင်ကျွမ်းခဲ့တာလို့ ယုံကြည်ရပါတယ်။ အဆောက်အအုံရဲ့ အောက်ထပ်တွေမှာ ကျောင်းတွေ အဓိက ဖွင့်ထားပြီး ၅ ထပ်ကနေ ၇ ထပ်ကတော့ အလွတ် ဖြစ်ပါတယ်။ အပေါ်ဆုံး နှစ်ထပ်ကတော့ ဟိုတယ်တစ်ခု ဖွင့်လှစ်ထားတာပါ။

မီးဟာ အဆောက်အအုံ အပေါ်ထပ်၊ အောက်ထပ်တွေထိ ပျံ့နှံ့ ကူးစက်ခဲ့ပြီး ၂ နာရီကျော် အချိန်ယူ ငြှိမ်းသတ်ခဲ့ရပါတယ်။ မီးခိုးလုံးတွေကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်သူ တချို့ကိုပါ ယာယီ ပြောင်းရွှေ့စေခဲ့ပါတယ်။

မီးငြိမ်းသွားတာ သေချာတဲ့နောက် ပိတ်မိနေသူတွေကို လိုက်လံရှာဖွေ ကယ်ထုတ်ခဲ့ပြီး သေဆုံးသူတွေကိုလည်း တွေ့ရှိလာခဲ့တာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှု စတင်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။