နိုင်ငံတကာ
လူကာရှန်ကိုကတော့ နျူကလီးယား လက်နက်တွေ လက်ခံချင်တဲ့ နိုင်ငံတွေအတွက် လုံခြုံရေး ရှုူထောင့်အရ ဘာမှ စိုးရိမ်စရာ မရှိသလို ရုရှားက အပြည့်အဝ တာဝန်ယူပေးနိုင်တယ်လို့လည်း အာမခံသွားခဲ့ပါတယ်။
Hi, what are you looking for?
လူကာရှန်ကိုကတော့ နျူကလီးယား လက်နက်တွေ လက်ခံချင်တဲ့ နိုင်ငံတွေအတွက် လုံခြုံရေး ရှုူထောင့်အရ ဘာမှ စိုးရိမ်စရာ မရှိသလို ရုရှားက အပြည့်အဝ တာဝန်ယူပေးနိုင်တယ်လို့လည်း အာမခံသွားခဲ့ပါတယ်။
ယူကရိန်း အစိုးရကတော့ ရုရှားဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်မှုကို နောက်တစ်ဆင့် မြှင့်လိုက်ပြီး ပဋိပက္ခထဲကို ဘီလားရုစ်ကိုပါ ဆွဲသွင်းလာတာ ဖြစ်တယ်လို့ ဝေဖန် ပြောကြားထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ လက်ရှိကာလမျိုးမှာ ရုရှားက နျူကလီးယား လက်နက်တွေ ဘီလားရုစ်ဆီ ပို့ဆောင်တဲ့ အခြေအနေက ဘယ်လို ရှုထောင့်ကကြည့်ကြည့် စိုးရိမ်စရာ ဖြစ်နေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
ရုရှားဟာ ဘီလားရုစ်မှာ ဖြန့်ကျက်ထားရှိမယ့် နျူကလီးယား လက်နက်တွေကို ထိန်းချုပ်ဖို့အတွက် စစ်သည်တွေကို လေ့ကျင့်ပေးမှုတွေ လာမယ့် သီတင်းပတ်မှာ အစပြုမှာဖြစ်ပြီး ဇူလိုင် ၁ ရက် မတိုင်ခင် ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားရှိမှု ပြီးစီးလိမ့်မယ်လို့ ပူတင်က ပြောကြားသွားပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။
ဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း နာမည်ပေါင်း ၃၄၃ ခုထဲကမှ စိစစ်ရွေးချယ် ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားနဲ့ ဘီလားရုစ်တို့ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ဗြိတိန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ခံထားရပြီး မြန်မာနိုင်ငံကလည်း ရိုဟင်ဂျာ ပြဿနာ၊ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ပါဝင်နေခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကြောင်းပြုပြီး ရုရှားဟာ အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆက်ဆံရေး အတင်းမာဆုံး အနေအထားကို ရောက်နေပါတယ်။
ဘီလားရုစ်ဟာ ရုရှားရဲ့ ကာလရှည်ကြာ စစ်ရေး မဟာမိတ်ဖြစ်ပြီး ရုရှားတပ်တွေ ယူကရိန်းကို စတင် ဝင်ရောက်ရာမှာလည်း ဘီလားရုစ်ကို ခြေကုပ်စခန်း အနေနဲ့ အသုံးချခဲ့ပါတယ်။
ယူကရိန်းနဲ့ နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေပြီး ရုရှားရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ်ဟာ အရင်တုန်းကတော့ စစ်ဖြစ်လာရင်တောင် ဝင်တိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ချိန်မှာတော့ ဘီလားရုစ်ဟာ ရုရှားတပ်တွေ ဝင်ရောက်နိုင်ဖို့ တစ်ထောက်နားရာ စစ်အခြေစိုက်စခန်း ဖြစ်လာပါတယ်။