Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ဘီလားရုစ် ပူးပေါင်းပြီး နျူကလီးယား စစ်ရေးလေ့ကျင့်မှု စတင်

ရုရှားနဲ့ ဘီလားရုစ်တို့ ပူးပေါင်းပြီး နျူကလီးယား လက်နက်တွေကို ကိုင်တွယ်အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို အစပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားနဲ့ ဘီလားရုစ်တို့ ပူးပေါင်းပြီး နျူကလီးယား လက်နက်တွေကို ကိုင်တွယ်အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို အစပြုခဲ့ပါတယ်။

ဘီလားရုစ် ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အကြောင်းကို မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားက ဘီလားရုစ်မှာ ဖြန့်ကျက် ထားရှိတဲ့ နျူကလီးယား စစ်လက်နက်တွေ ကိုင်တွယ် အသုံးပြုမှုတွေကို အဲဒီ လေ့ကျင့်မှုမှာ လုပ်ဆောင်သွားမယ်လို့လည်း သိီရပါတယ်။

ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်း မြောက်ပိုင်းနဲ့ ထိစပ်နေရာ ဘီလားရုစ် နိုင်ငံ ပိုင်နက်ထဲကနေ ယူကရိန်းကို စစ်မျက်နှာ အသစ်ဖွင့်ပြီး တိုက်ခိုက်လာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခု စစ်ရေးလေ့ကျင့်မှု အစီအစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စစ်ရေး လေ့ကျင့်မှုမှာတော့ နျူကလီးယား စစ်လက်နက်တွေ သယ်ယူ နေရာချပုံနဲ့ အသုံးပြုပုံတွေကို ရုရှားတပ်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း ဘီလားရုစ် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ပြီး ဟိုက်ပါဆောနစ် အသံလွန် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ Oreshnik ဒုံးကျည်တွေကို ဘီလားရုစ်မှာ မနှစ်တုန်းက စတင် ဖြန့်ကျက် ထားရှိခဲ့ပါတယ်။

မေလ ၁၈ ရက်ကနေ ၂၁ ရက်နေ့ထိ ကြာမြင့်မယ့် လေ့ကျင့်မှုဟာ တခြားနိုင်ငံ တစ်ခုခု၊ ဒါမှမဟုတ် ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက် ထိပါးဖို့ ရည်ရွယ်ချက် မပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ရေး လေ့ကျင့်မှုအတွက် လေတပ်နဲ့ ဒုံးကျည်တပ်တွေလည်း ပူးပေါင်းကြမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ရုရှားက စစ်မျက်နှာအသစ် ဖွင့်လာနိုင်တဲ့ အခြေအနေအတွက် နိုင်ငံမြောက်ပိုင်း၊ ဘီလားရုစ်နဲ့ နယ်စပ်တလျှောက်မှာ တပ်အင်အား တိုးမြှင့် ဖြန့်ကျက်ထားဖို့ ယူကရိန်း စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ်တုန်းက ယူကရိန်းကို စတင်ကျူးကျော်ချိန်မှာလည်း ဘီလားရုစ် ပိုင်နက်ကို အသုံးချခဲ့ဖူးပါတယ်။ ဇီလန်စကီးက ပူတင်ဟာ ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ်ကို စစ်ပွဲမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာအောင် ဆွဲသွင်းဖို့ ကြိုးစားနေကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ ရုရှား အစိုးရ ရုံးစိုက်တဲ့ ကရင်မလင် နန်းတော်ကတော့ ဇီလန်စကီးရဲ့ စကားကို မေလ ၁၈ ရက်နေ့မှာ ပယ်ချခဲ့ပြီး အခြေအမြစ် မရှိတဲ့ နောက်ထပ် အပုပ်ချမှု တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။