Connect with us

Hi, what are you looking for?

သတင်း

လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ မင်းအောင်လှိုင်ကိုဘီလားရုစ်အာဏာရှင်လူကာရှန်ကိုပြော

မြန်မာပြည်သူတွေ မင်းအောင်လှိုင်ကိုအားကောင်းကောင်းနဲ့ ထောက်ခံနေကြပြီလို့ လူကာရှန်ကိိုဆို

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

သြဂုတ် – ၂၂ ၊၂၀၂၆

မြန်မာနိုင်ငံအတွက်လိုအပ်တာမှန်သမျှကို ထောက်ပံ့ပေးနိုင်တယ်ဆိုတာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာရှင်အဖြစ် လူသိများသူ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက အသိပေးပြောကြားလိုက်တယ်လို့သိရပါတယ်။

ဘီလားရုစ်နိုင်ငံ၊မင့်စ်ခ်မြို့မှာဩဂုတ် ၂၁ ရက် က အလည်အပတ် ခရီးစဉ် ရောက်ရှိလာသူမြန်မာစစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာလူကာရှန်ကိုကအခုလို ကမ်းလှမ်းပြောဆိုခဲ့တာလို့ ဘီလားရုစ်သမ္မတရုံးကထုတ်ပြန်တာပါ။

လူကာရှန်ကိုကသူ့ရဲ့အစိုးရဟာမြန်မာနိုင်ငံရဲ့အခြေအနေကိုအလေးထားပြီး အသေးစိတ် လေ့လာ စောင့်ကြည့်ခဲ့သလို မြန်မာနိုင်ငံမှာ ဘာတွေ လိုအပ်နေသလဲ ဆိုတာကိုလည်း ကောင်းကောင်း သိရှိထားကြောင်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူတွေအတွက် ဒီနေ့နဲ့ မနက်ဖြန်တွေအတွက် လိုအပ်သမျှကို ဖြည့်ဆည်းပေးဖို့၊ အကူအညီပေးဖို့ ဘီလားရုစ်မှာ နည်းပညာ အားလုံးရှိတယ်လို့ သူက ပြောပါတယ်။

ဩဂုတ် ၂၀ ရက်နေ့တုန်းက အလွတ်သဘော ဆွေးနွေးမှုတွေကလည်း နှစ်နိုင်ငံကြား ရှိရင်းစွဲ အားကောင်းနေပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို ခိုင်မာလာစေမှာ ဖြစ်တယ်လို့ လူကာရှန်ကိုက ဆိုပါတယ်။

သူကဘီလားရုစ်ဟာ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ ဒေသတွင်းက အရေးကြီးပြီး အလားအလာကောင်းတဲ့ မိတ်ဖက်အဖြစ် သဘောထား ယူဆကြောင်းလည်း မင်းအောင်လှိုင်ကို ပြောခဲ့ပါတယ်။

၂၀၂၆-၂၈ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းပြမြေပုံနဲ့အညီ ၂၀၂၇ ခုနှစ်အတွင်း စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေးနဲ့ တခြားစက်မှု ကဏ္ဍတွေမှာ လက်တွဲ အလုပ်လုပ်မှုတွေ ပိုမို မြှင့်တင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း လူကာရှန်ကိုက ဆိုပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုပိုမိုမြှင့်တင်ဖို့အတွက်အခုနှစ်အတွင်း မင့်စ်ခ်နဲ့ နေပြည်တော်မှာ နှစ်နိုင်ငံ သံရုံးတွေ အပြန်အလှန် ဖွင့်လှစ်ဖို့ စီစဉ်ထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

မြန်မာပြည်သူတွေဟာ မင်းအောင်လှိုင်ကို အားကောင်းကောင်းနဲ့ ထောက်ခံနေကြပြီး မြန်မာ့ နိုင်ငံရေး တည်ငြိမ်မှုကလည်း အရေးပါတဲ့ အဆင့်မျိုးထိ ဖွံ့ဖြိုးတိုးတက်လာနေတာကို သဘောပေါက်ကြောင်း လူကာရှန်ကိုက မှတ်ချက်ပေးခဲ့ပါတယ်။

မင်းအောင်လှိုင်ကတော့ လူကာရှန်ကိုရဲ့ ကမ်းလှမ်းမှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှာ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ကနေတဆင့် ဩဂုတ် ၂၀ ရက်နေ့မှာ ဘီလားရုစ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လူကာရှန်ကိုဟာ ပူတင်ရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးလည်းဖြစ်ပြီး ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

"စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်" ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေစိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။

သတင်း

မင်း​အောင်လှိုင်က ဧရာဝတီတိုင်းရေ​ကြီးတာကို​ပြောပြီး စစ်ကိုင်းတိုင်း​ရေကြီးတာကိုချန်လှပ်​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရေဘေးလာရောက်ကြည့်ရှု့ခဲ့တဲ့ ဟင်္သာတမြို့နယ်က လဟာပကျေးရွာဟာ ဒီနေ့သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင်ရောက်လာလို့ လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။