Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO ပိုင်နက်ထဲ ဒရုန်းတွေ နယ်ကျော်စေခဲ့တဲ့နောက် ဘီလားရုစ်နဲ့ ပူးပေါင်းပြီး ရုရှား စစ်ရေးလေ့ကျင့်

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ နယ်မြေထဲ ရုရှားဒရုန်းတွေ နယ်ကျွံလာလို့ ပစ်ချတာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး မကြာခင်မှာပဲ ရုရှားနဲ့ ဘီလားရုစ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ နယ်မြေထဲ ရုရှားဒရုန်းတွေ နယ်ကျွံလာလို့ ပစ်ချတာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး မကြာခင်မှာပဲ ရုရှားနဲ့ ဘီလားရုစ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာ Zapadလို့ နာမည်ပေးထားတဲ့ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ NATO အဖွဲ့ဝင် ပိုလန်နိုင်ငံက ရုရှားရဲ့ တိုက်ခိုက်ရေး ဒရုန်းတွေ လေပိုင်နက် ကျူးကျော် ဝင်ရောက်လို့ ပစ်ချခဲ့ရကြောင်း စွပ်စွဲ ကြေညာပြီး ရက်ပိုင်းအကြာမှာပါ။ တစ်ချိန်တည်းမှာပဲ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာလည်း ရုရှား ခြေလျင်တပ်တွေက ရှေ့တိုးဖို့ ကြိုးစားနေပြီး ယူကရိန်း အနှံ့က မြို့ကြီးတွေကို ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေက အရှိန်မြင့်လာနေပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ သံချပ်ကာယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ရေတပ်သင်္ဘောတွေရဲ့ ဗီဒီယို တစ်ခုကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ လေကြောင်းက ထောက်လှမ်းပျံသန်းမှုနဲ့ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေလည်း ပါဝင်မယ်လို့ ရုရှားက ကြေညာပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက မြောက်ပိုင်း ရေတပ်မရဲ့ ရေယာဉ်တွေကိုလည်း အာတိတ်သမုဒ္ဒရာ မြောက်ပိုင်း ရေပြင်တွေမှာ စစ်ရေးလေ့ကျင့်စေဖို့ ဘားရန့်စ်ပင်လယ်ဆီ စေလွှတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

NATO မဟာမိတ် အဖွဲ့ရဲ့ အရှေ့ဖက်ဆုံး နယ်မြေမှာ အကျုံးဝင်တဲ့ နိုင်ငံတွေကတော့ ဘီလားရုစ်နဲ့ ရုရှားတို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေပါတယ်။

ရုရှား ဒရုန်းတွေကို NATO မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်း ပစ်ချခဲ့ရတဲ့ ဖြစ်စဉ် အပြီးမှာတော့ ပိုလန်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စစ်ရေးပဋိပက္ခ တစ်ခုနဲ့ အနီးဆုံး အဆင့်ထိ ရောက်သွားခဲ့ပေမယ့် သေချာပေါက် စစ်ဖြစ်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ကြောင်း ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်လ်တက်စ်ခ်က ပြောကြားခဲ့ပါတယ်။

Zapadနဲ့ တိုက်ဆိုင်ပြီး ပိုလန်ဟာလည်း NATO မဟာမိတ်တွေ ပူးပေါင်းပြီး တပ်အင်အား ၄၀၀၀ လောက် ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။

ရုရှားကတော့ Zapadဟာ ကာကွယ်ရေး ကဏ္ဍအတွက် ရည်ရွယ်ထားတဲ့ အစီအစဉ်သာဖြစ်ပြီး တခြားနိုင်ငံတွေကို ရန်လို ခြိမ်းခြောက်ဖို့ မဟုတ်တဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်နေစရာ မလိုဘူးလို့ မှတ်ချက်ပေးထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။