Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ဘီလားရုစ်မှာ ဖြန့်ကျက်မယ်လို့ ပူတင်အတည်ပြု

ရုရှားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် လက်နက် အသစ်တွေကို မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ ဖြန့်ကျက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

AP

ရုရှားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် လက်နက် အသစ်တွေကို မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ ဖြန့်ကျက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်ပြီး ကြားဖြတ်ဟန့်တား ပစ်ချဖို့ ခက်ခဲလွန်းတဲ့ ဒုံးကျည်တွေကို ဆိုလိုတာပါ။ ရုရှား၊ တရုတ်၊ အမေရိကန်တို့လို စစ်ရေး စူပါပါဝါ နိုင်ငံကြီးတွေဟာ နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ဖန်တီး တည်ဆောက်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ပူတင်ကတော့ ရုရှားရဲ့ ဟိုက်ပါဆောနစ် စစ်လက်နက် အသစ်တွေဟာ လက်တွေ့ တိုက်ပွဲဝင် အသုံးပြုနိုင်တဲ့ အဆင့်ထိ ရောက်ရှိနေပြီး အဲဒီလက်နက်တွေကို ဘီလားရုစ်မှာလည်း ဖြန့်ကျက်ထားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဩဂုတ် ၁ ရက်နေ့မှာတော့ ပူတင်က အဲဒီ စကားကို ထပ်လောင်း အာမခံ အတည်ပြုခဲ့ပြီး နှစ်ကုန်ပိုင်းလောက်ရောက်ရင် ဘီလားရုစ်မှာ ရုရှားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စတင် ရောက်ရှိနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဟိုက်ပါဆောနစ် စစ်လက်နက်တွေ ဘီလားရုစ်ဆီ ပြောင်းရွှေ့ ဖြန့်ကျက်မယ့် အစီအမံတွေ ဆက်လက် လုပ်ဆောင်နေကြောင်း၊ နှစ်မကုန်ခင်လောက် အပြီးသတ်နိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ Oreshnikလို့ နာမည်ပေးထားတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ဘီလားရုစ်ဆီ ပို့ဆောင်သွားဖွယ် ရှိပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ အသံထက် အနည်းဆုံး ၁၀ ဆ ပိုမြန်ပြီး မနှစ်က နိုဝင်ဘာလမှာတော့ ရုရှားက ယူကရိန်း စစ်မြေပြင်မှာ ပထမဆုံးအကြိမ် လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုအဖြစ် ယူကရိန်း တည်ရှိခဲ့ချိန်က ဒုံးကျည်တွေ ထုတ်လုပ်ဖို့ အသုံးပြုခဲ့တဲ့ စက်ရုံတစ်ခုကို ရုရှားက Oreshnik ဒုံးကျည် အသုံးပြုပြီး ဖျက်ဆီးခဲ့တာပါ။

ပူတင်က Oreshnik ဒုံးကျည်တွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး ဂုဏ်တင်ထားပြီး အသံထက် ၁၀ ဆနှုန်းနဲ့ ပျံသန်းတဲ့ အခြေအနေမှာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဘယ်လေကြောင်း ကာကွယ်ရေး လက်နက်မျိုးကမှ ပစ်ချနိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။ နောက်ပြီး ရုရှားကို တိုက်ခိုက်နိုင်မယ့် တာဝေးပစ် စစ်လက်နက်တွေ ယူကရိန်းဆီ ထောက်ပံ့နေတဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း အဲဒီဒုံးကျည်ရဲ့ အန္တရာယ်ကို စိုးရိမ်သင့်တယ်လို့ ပူတင်က သတိပေး ခြိမ်းခြောက်ထားဖူးပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းကတော့ ပူတင်ရဲ့ အရင်းနှီးဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်တဲ့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ရုရှားရဲ့ နျူကလီးယား လက်နက်တွေကို ဘီလားရုစ်မှာ ဖြန့်ကျက်ပြီး ဘီလားရုစ်ကို ရုရှားရဲ့ နျူကလီးယား ကာကွယ်ရေး ကွန်ရက်ထဲမှာ ထည့်သွင်း လွှမ်းခြုံခဲ့ပါတယ်။

ယူကရိန်းနဲ့ ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားတဲ့ နယ်စပ် ထိစပ်နေရာ ဘီလားရုစ်မှာ ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်လာခြင်းက ယူကရိန်းနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကိုလည်း စိုးရိမ်စေခဲ့ပါတယ်။ အဲဒီ လက်နက်တွေ ဘီလားရုစ်မှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်က ရုရှားသာ လက်တွေ့ အသုံးချဖို့ ဆုံးဖြတ်လိုက်ရင် ပိုပြီး မြန်မြန်နဲ့ လွယ်လွယ်ကူကူ ပစ်ခတ်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။