Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှု ဝါဒဖြန့် ဗီဒီယိုထဲမှာ လေလျော့နေတဲ့ တိုက်လေယာဉ် အတုကြီးရဲ့ပုံ ရောပါလာ

ဘီလားရုစ် နိုင်ငံနဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်နေတာကို ထုတ်ပြန်တဲ့ ရုရှားရဲ့ ဝါဒဖြန့် ဗီဒီယိုထဲမှာ လေလျော့နေတဲ့ တိုက်လေယာဉ် တစ်စီးရဲ့ပုံ ပါလာလို့ လှောင်ပြောင် ခံနေရပါတယ်။

ဘီလားရုစ် နိုင်ငံနဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်နေတာကို ထုတ်ပြန်တဲ့ ရုရှားရဲ့ ဝါဒဖြန့် ဗီဒီယိုထဲမှာ လေလျော့နေတဲ့ တိုက်လေယာဉ် တစ်စီးရဲ့ပုံ ပါလာလို့ လှောင်ပြောင် ခံနေရပါတယ်။

လေလျော့နေတယ်လို့ ပြောရတဲ့ အကြောင်းရင်းက အဲဒီ တိုက်လေယာဉ်ဟာ လေယာဉ်အစစ် မဟုတ်ဘဲ လေတပ်စခန်း တစ်ခုထဲမှာ ရပ်ထားတဲ့ လေထိုးရုပ်ကြီး ဖြစ်နေတာကြောင့်ပါ။ ဗီဒီယိုထဲမှာတော့ တကယ့် တိုက်လေယာဉ် အစစ်တစ်စီး ပျံတက်နေပုံကို ရိုက်ပြထားပေမယ့် နောက်ခံမြင်ကွင်းမှာ အရုပ် လေယာဉ်အတုကြီးက လေလျော့ပြီး ခွေယိုင်လျက်သား ပျော့တွဲကျနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုတွေထဲက အဲဒီ လေယာဉ် အရုပ်ကြီး ပါဝင်နေတဲ့ ဖြတ်ပိုင်း ဓာတ်ပုံတွေကို ကာကွယ်ရေး နည်းပညာ သုတေသီ ဂိုင်းပလော့စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ တင်ခဲ့တဲ့နောက် လူအများက ဝေမျှခဲ့ကြတာပါ။

အဲဒီ လေမှုတ်သွင်း လေယာဉ်ရုပ်ကြီးဟာ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းက ရေတပ်ရဲ့ တိုက်လေယာဉ်တွေ ထားရှိရာ ဆဗာရိုမော့စ်ခ် အမှတ် ၁ အခြေစိုက် စခန်းမှာ ရှိနေတာလို့ ဆိုပါတယ်။ ရန်သူကို လှည့်စားဖို့အတွက် ရုရှားရော၊ ယူကရိန်းပါ စစ်စခန်းတွေမှာ လေယာဉ်၊ တင့်ကားတွေရဲ့ ပုံစံတူ လေမှုတ်ရုပ်ကြီးတွေ ထားရှိတတ်တာ မဆန်းပေမယ့် ဝါဒဖြန့် ဗီဒီယို တစ်ခုထဲမှာ ရယ်စရာ ပုံစံမျိုးနဲ့ လေလျော့နေတဲ့ လေယာဉ်အတုကြီးပုံ ပါလာတာကတော့ ပြောစမှတ်ပြုစရာတစ်ခု ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးသုတေသီတွေတော့ ရှေ့တန်းစစ်မြေပြင်တွေမှာ ဂျစ်ကားတွေ၊ ဒုံးကျည်ပစ်စင်တွေ၊ တင့်ကားတွေ၊ ထရပ်ကားကြီးတွေနဲ့ ယုတ်စွအဆုံး စစ်သားပုံစံတူတွေကိုတောင် ပုံစံတူ ဖန်တီးပြီး အယောင်ပြ ဖြန့်ကျက်ထားလေ့ ရှိတယ်လို့ ပြောကြားထားပါတယ်။

တချို့ ပစ်မှတ်တုတွေမှာဆိုရင် ရေဒါထဲမှာ တကယ့်တင့်ကားတွေ၊ စစ်ဘက်ယန္တရားတွေလို့ ထင်ရလောက်အောင် ဖမ်းယူ ထောက်လှမ်းမိအောင် လှည့်စားနိုင်မယ့် လှိုင်းထုတ်လွှင့်မှု စနစ်တွေကိုပါ ထည့်သွင်းထားလေ့ ရှိပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက ရုရှားဟာ ယူကရိန်းရဲ့ M270 အတွဲလိုက် ဒုံးကျည်ပစ်ခတ်မှု လက်နက်ကြီး စနစ်တစ်ခုကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြွေးကြော်ခဲ့ပေမယ့် နောက်ပိုင်းကျတော့ ယူကရိန်းက အယောင်ပြ ထားရှိတဲ့ ပုံတူ အရုပ်ကြီးသာဖြစ်ကြောင်း သိရှိလာခဲ့ရပါတယ်။

ရုရှားနဲ့ မဟာမိတ် ဘီလားရုစ်နိုင်ငံတို့ရဲ့ စစ်တပ်တွေဟာ ဘီလားရုစ် ပိုင်နက်ထဲမှာ Zapad-2025 ဆိုတဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၆ ရက်နေ့ထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: TVP World

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။