သတင်း ဗန်းမော်မြို့ စစ်အင်အားထပ်ပို့ဖို့ စစ်တပ်က မန္တလေးဆိပ်ကမ်းမှာ ပြင်ဆင်နေ ရေလမ်းကိုအသုံးပြုပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူအင်အားပို့ဖို့ စစ်တပ်က မန္တလေးမြို့ဂေါ်ဝိန်ဆိပ်ကမ်းမှာ ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ludunwayooဇွန် 25, 2026
သတင်း ကန်ပက်လက်နဲ့ မင်းတပ်မှာ ချင်းပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲဆက်ဖြစ် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းသတင်းရင်းမြစ်က ဒီကနေ့ ဇွန် ၂၄ရက်မှာ ပြောပါတယ်။ ludunwayooဇွန် 25, 2026
သတင်း စစ်တပ်ရွေးကောက်ပွဲကာလ၆လအတွင်း စစ်တပ်ကပြည်သူ ၇၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂပြော အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။ ludunwayooဇွန် 25, 2026
သတင်း စစ်တပ်နဲ့ ပူးပေါင်းတာ၊ သတင်းပေး၊ သတင်းယူ ဒလန်မလုပ်ဖို့ KIA တပ်ရင်း(၁၂) သတိပေး အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇွန် 24, 2026
သတင်း စစ်တပ် Mi-17ကိုPDF နဲ့ပကဖတွေက FPVဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီး စစ်တပ်က အရာရှိအပါအဝင်သေဆုံးဒဏ်ရာရသူတွေရှိ ၊ တိုက်ခိုက်ခံရတဲ့နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲနေ ludunwayooဇွန် 24, 2026
သတင်း စဉ့်ကူးမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၆ ဦး ဒဏ်ရာရ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇွန် 24, 2026
သတင်း စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီးကို မြိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပစ်ချ အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တနေရာမှာမှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ပစ်ချလိုက်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။ ludunwayooဇွန် 24, 2026
သတင်း အင်းလေးမှာ ဖမ်းဆီးခံရတဲ့ ရဲဘော်နဲ့ဆက်စပ်သူတွေကို စစ်တပ်က ထောင်ချောက်ဆင် ဖမ်းဆီး၊ CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ဖမ်းဆီးခံရ ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ဦး ကတဆင့် ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ဆက်စပ်သူတွေကို ထောင်ချောက်ဆင်မျှားခေါ်မှုကြောင့် CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဇွန် 24, 2026
သတင်း တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲစစ်တပ်ကလက်နက်ချ၊အလင်းဝင်သူတွေဆက်တိုက်ရှိနေ ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ ludunwayooဇွန် 23, 2026
သတင်း မုံရွာမှာ ရဲဘော် ၁ဦး တပ်ဖွဲ့ပိုင်ပစ္စည်းတွေယူပြီး စစ်တပ်နဲ့ ပူးပေါင်းသွား စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇွန် 23, 2026