သတင်း မောက်မယ်ရှိ PNLO တပ်စခန်းကို RCSSက အင်အား ၁၀၀ကျော်ဖြင့်လာတိုက်၍ တိုက်ပွဲဖြစ် လက်ရှိတွင် RCSSတပ်များသည် ပအိုဝ်းကျေးရွာများသို့ ဝင်ရောက်တပ်စွဲနေပြီး ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးကြောင်း၊ ထိုသို့ ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးခြင်းမှာ ပအိုဝ်းလူထုအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။ LuduNwayOoမေ 20, 2023
သတင်း ချင်းတပ် CDF ဆဲန်ထန်ဌာနချုပ်နှင့် တပ်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက် ဟားခါးမြို့နယ်အတွင်း ဧပြီမှစ၍ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိ၍ ဟားခါးမြို့နယ်အပါအဝင် ချင်းပြည်နယ်ရှိ ပြည်သူလူထုများနေထိုင်ရာ နေရာများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။ LuduNwayOoမေ 11, 2023
သတင်း ကျားဖြူစစ်ကြောင်း တပ်စခန်းလေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော်သုံးဦးကျဆုံး လေးဦးဒဏ်ရာရ ကျဆုံးရဲဘော်များမှာ PDF ရဲဘော်ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော်ထွန်းလင်းအောင်(ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ)မမြင့်တို့ဖြစ်ကြောင်း အသိပေးထားသည်။ LuduNwayOoမေ 9, 2023
သတင်း မယ်ခါးထာတပ်စခန်းပြန်ရရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ မယ်ခါးထာတပ်စခန်းပြန်ရရေးအတွက် လေကြောင်းပစ်ကူအသုံးပြုပြီးတိုက်ခိုက်နေသလို မြေပြင်မှတစ်ဆင့် အင်အားအများအပြားဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း KNLA တပ်မဟာ(၅)တပ်ဖွဲ့၏ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း တပ်မဟာ(၅)သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ LuduNwayOoဧပြီ 28, 2023
သတင်း KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်စခန်း လေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်၊ စခန်းနှစ်ခု ချေမှုန်းနိုင်ခဲ့ဟု ထုတ်ပြန် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို KNU၏ ထုတ်ပြန်ချက်၌ ရေးသားဖော်ပြမထားသော်လည်း ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီ၏ လက်နက် ၁၀လက်နှင့် ကျည် ၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ကို တွေ့ရသည်။ LuduNwayOoဧပြီ 23, 2023
သတင်း CNA တပ်မဟာ(၄)တပ်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု ချင်းတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး ယနေ့ (ဧပြီ ၂၁ရက်) နေ့လည်ပိုင်း၌ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA တပ်ဖွဲ့မှ ဒုဗိုလ်ဆလိုင်းကိုရိန်နှင့် ဆေးတပ်ကြပ်ကြီး မိုင်မေကံဟွေ့တို့ နှစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဧပြီ 21, 2023
သတင်း မယ်ခါးထာ့တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှု တစ်နာရီသာကြာ စခန်းသိမ်းဖြစ်စဉ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတိအကျ မသိရသေးဟု ထုတ်ပြန်သည်။ ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ LuduNwayOoမတ် 28, 2023
သတင်း နယ်စပ်ရှိ စစ်ကောင်စီ၏ မယ်ခါးထာ့တပ်စခန်း KNLA တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်မီးရှို့ ယနေ့နံနက် ၆နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်အသံများကြားရပြီး အီးထူထာ့ စစ်ရှောင်စခန်းမှ ဒေသခံ အချို့ တိမ်းရှောင်နေရသည်ဟု စစ်ရှောင်အချို့ကို ကိုးကားပြီး Salween Pressက ဖော်ပြသည်။ LuduNwayOoမတ် 28, 2023
သတင်း စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် ကျုံဒိုးတိုက်ပွဲအခြေအနေ ဂဠုန်စစ်ကြောင်းထုတ်ပြန် တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသလို ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဂဠုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ LuduNwayOoမတ် 26, 2023
သတင်း မုံရွာမြို့တွင် စစ်ကောင်စီတပ်စခန်းနေရာနှင့် ယာဥ်တန်းအား တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ခိုက် စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်သည့်အပြင် အနီးရှိ တောပုရွာမှ ပျူစောထီးများက လက်နက်ကြီးပစ်ကူခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု Aung San Force - A.S.F၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoမတ် 24, 2023