Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်စခန်း လေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်၊ စခန်းနှစ်ခု ချေမှုန်းနိုင်ခဲ့ဟု ထုတ်ပြန်

လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို KNU၏ ထုတ်ပြန်ချက်၌ ရေးသားဖော်ပြမထားသော်လည်း ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီ၏ လက်နက် ၁၀လက်နှင့် ကျည် ၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ကို တွေ့ရသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် ၁၆ဦးသေဆုံး၊ လက်နက် ၁၀လက်ထက်မနည်းရရှိဟု အသိပေး

▪️စခန်းသိမ်းပိုက်ခံရပြီး ၂နာရီကျော်ကြာမှသာ စစ်ကောင်စီ လေကြောင်းပစ်ကူလာရောက် ပစ်ခတ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) တပ်ပေါင်းစုမှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်း လေးခုကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း နှစ်လုံးအား ချေမှုန်းဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၂၂ရက်) နံနက် ၄နာရီခွဲတွင် KNLA တပ်မဟာ(၃) တပ်ပေါင်းစုက KNU မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်း စသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ တစ်နာရီအတွင်း စခန်းနှစ်ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

တိုက်ခိုက်ခဲ့သည့် စခန်းများအနက် ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းနှစ်ခုကို ချေမှုန်းဖျက်ဆီးနိုင်ခြင်းမရှိသည့် အကြောင်းအရင်းမှာ ရန်သူများစခန်းတွင် မနေဘဲအပြင်သို့ ပုန်းရှောင်နေ၍ ဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

ထိုသို့ ရန်သူ့စခန်းများကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးရာတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၁၆)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှူးတစ်ဦးပါဝင်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNLA တပ်မဟာ(၃) တပ်ပေါင်းစုဘက်မှ တစ်ဦး ကျဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို KNU၏ ထုတ်ပြန်ချက်၌ ရေးသားဖော်ပြမထားသော်လည်း ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီ၏ လက်နက် ၁၀လက်နှင့် ကျည် ၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ကို တွေ့ရသည်။

အဆိုပါ တပ်စခန်းများကို တိုက်ခိုက်ပြီး တပ်မဟာ(၃) တပ်ပေါင်းစု ပြန်လည်ထွက်ခွာချိန်မှသာလျင် စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူလာရောက်ခဲ့ပြီး ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင်ကျေးရွာကြားတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၄ကြိမ် ဗုံးကြဲခဲ့သည်ဟုဆိုသည်။ ထို့နောက် တိုက်လေယာဉ်ဖြင့်လည်း ထပ်မံ လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် လယ်ဒိုနှင့် မူးမြို့နယ်ရှိ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

ယခင်ကလည်း KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးနှင့် ရွှေကျင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။