Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်စခန်း လေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်၊ စခန်းနှစ်ခု ချေမှုန်းနိုင်ခဲ့ဟု ထုတ်ပြန်

လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို KNU၏ ထုတ်ပြန်ချက်၌ ရေးသားဖော်ပြမထားသော်လည်း ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီ၏ လက်နက် ၁၀လက်နှင့် ကျည် ၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ကို တွေ့ရသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် ၁၆ဦးသေဆုံး၊ လက်နက် ၁၀လက်ထက်မနည်းရရှိဟု အသိပေး

▪️စခန်းသိမ်းပိုက်ခံရပြီး ၂နာရီကျော်ကြာမှသာ စစ်ကောင်စီ လေကြောင်းပစ်ကူလာရောက် ပစ်ခတ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) တပ်ပေါင်းစုမှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်း လေးခုကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း နှစ်လုံးအား ချေမှုန်းဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၂၂ရက်) နံနက် ၄နာရီခွဲတွင် KNLA တပ်မဟာ(၃) တပ်ပေါင်းစုက KNU မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်း စသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ တစ်နာရီအတွင်း စခန်းနှစ်ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

တိုက်ခိုက်ခဲ့သည့် စခန်းများအနက် ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းနှစ်ခုကို ချေမှုန်းဖျက်ဆီးနိုင်ခြင်းမရှိသည့် အကြောင်းအရင်းမှာ ရန်သူများစခန်းတွင် မနေဘဲအပြင်သို့ ပုန်းရှောင်နေ၍ ဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

ထိုသို့ ရန်သူ့စခန်းများကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးရာတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၁၆)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှူးတစ်ဦးပါဝင်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNLA တပ်မဟာ(၃) တပ်ပေါင်းစုဘက်မှ တစ်ဦး ကျဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို KNU၏ ထုတ်ပြန်ချက်၌ ရေးသားဖော်ပြမထားသော်လည်း ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီ၏ လက်နက် ၁၀လက်နှင့် ကျည် ၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ကို တွေ့ရသည်။

အဆိုပါ တပ်စခန်းများကို တိုက်ခိုက်ပြီး တပ်မဟာ(၃) တပ်ပေါင်းစု ပြန်လည်ထွက်ခွာချိန်မှသာလျင် စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူလာရောက်ခဲ့ပြီး ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင်ကျေးရွာကြားတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၄ကြိမ် ဗုံးကြဲခဲ့သည်ဟုဆိုသည်။ ထို့နောက် တိုက်လေယာဉ်ဖြင့်လည်း ထပ်မံ လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် လယ်ဒိုနှင့် မူးမြို့နယ်ရှိ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

ယခင်ကလည်း KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးနှင့် ရွှေကျင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို