ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်ခါးထာ့တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက People’s Spring သတင်းဌာနသို့ အတည်ပြုဖြေကြားသည်။
စခန်းသိမ်းပိုက်နိုင်မှု အသေးစိတ်အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။
မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းကို မီးရှီု့လိုက်ပြီးဖြစ်ကြောင်း Salween Press က ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်က လေယာဉ်များ လာရောက်ခဲံကြောင်း ဒေသခံသတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားသော်လည်း လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခြင်းရှိမရှိကို ဖော်ပြမထားပေ။

Public Service Announcement
ယနေ့နံနက် ၆နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်အသံများကြားရပြီး အီးထူထာ့ စစ်ရှောင်စခန်းမှ ဒေသခံ အချို့ တိမ်းရှောင်နေရသည်ဟု စစ်ရှောင်အချို့ကို ကိုးကားပြီး Salween Pressက ဖော်ပြသည်။

အဆိုပါ မယ်ခါးထာ့တပ်စခန်းသည် မြန်မာ – ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းဘေး၌ တည်ရှိသည့် စစ်ကောင်စီစခန်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် KNLA တပ်မဟာ(၅)က ၎င်းနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ အဆိုပါနယ်စပ်ရှိ တပ်စခန်းများလည်းပါဝင်သည်။


















































