Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CNA တပ်မဟာ(၄)တပ်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု ချင်းတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး

ယနေ့ (ဧပြီ ၂၁ရက်) နေ့လည်ပိုင်း၌ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA တပ်ဖွဲ့မှ ဒုဗိုလ်ဆလိုင်းကိုရိန်နှင့် ဆေးတပ်ကြပ်ကြီး မိုင်မေကံဟွေ့တို့ နှစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

(ကျဆုံးခဲ့ရသည့် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် နှစ်ဦး။ဓာတ်ပုံ - The Chin Journal)
(ကျဆုံးခဲ့ရသည့် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် နှစ်ဦး။ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော်(CNA) တပ်မဟာ(၄) တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CAN တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

ယနေ့ (ဧပြီ ၂၁ရက်) နေ့လည်ပိုင်း၌ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA တပ်ဖွဲ့မှ ဒုဗိုလ်ဆလိုင်းကိုရိန်နှင့် ဆေးတပ်ကြပ်ကြီး မိုင်မေကံဟွေ့တို့ နှစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

(ကျဆုံးခဲ့ရသည့် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် နှစ်ဦး။ဓာတ်ပုံ - The Chin Journal)
(ကျဆုံးခဲ့ရသည့် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် နှစ်ဦး။ဓာတ်ပုံ – The Chin Journal)

ထို့ပြင် CNA တပ်ဖွဲ့ဝင် ဦလေးးလည်း ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရဟု ဆိုသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး တုံ့ပြန်ချက်မရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ဒုတိယပတ်အတွင်းကလည်း ထန်တလန်မြို့နယ်အတွင်းရှိ CNF/CNA ဌာနချုပ် ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများ၌ CNA အပါအဝင် ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။ မကြာသေးမီကပင် ဖလမ်း-ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီ သံချပ်ကာယာဉ် ၂စီး အပါအဝင် စစ်ကောင်စီတပ် ထောက်ပို့ ယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။