ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော်(CNA) တပ်မဟာ(၄) တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CAN တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။
ယနေ့ (ဧပြီ ၂၁ရက်) နေ့လည်ပိုင်း၌ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA တပ်ဖွဲ့မှ ဒုဗိုလ်ဆလိုင်းကိုရိန်နှင့် ဆေးတပ်ကြပ်ကြီး မိုင်မေကံဟွေ့တို့ နှစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် CNA တပ်ဖွဲ့ဝင် ဦလေးးလည်း ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရဟု ဆိုသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး တုံ့ပြန်ချက်မရသေးပေ။

Public Service Announcement
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ဒုတိယပတ်အတွင်းကလည်း ထန်တလန်မြို့နယ်အတွင်းရှိ CNF/CNA ဌာနချုပ် ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများ၌ CNA အပါအဝင် ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။ မကြာသေးမီကပင် ဖလမ်း-ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီ သံချပ်ကာယာဉ် ၂စီး အပါအဝင် စစ်ကောင်စီတပ် ထောက်ပို့ ယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့သည်။


















































