Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ် CDF ဆဲန်ထန်ဌာနချုပ်နှင့် တပ်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်

ဟားခါးမြို့နယ်အတွင်း ဧပြီမှစ၍ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိ၍ ဟားခါးမြို့နယ်အပါအဝင် ချင်းပြည်နယ်ရှိ ပြည်သူလူထုများနေထိုင်ရာ နေရာများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။

(စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့ကို ၂၀၂၃ ဧပြီ ၁၀ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့ကို ၂၀၂၃ ဧပြီ ၁၀ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

ချင်းပြည်နယ် ဟားခါးမြို့နယ်အခြေစိုက် ချင်းကာကွယ် ရေးတပ်(CDF) – ဆဲန်ထန်(Senthang)၏ ဌာနချုပ်နှင့် တပ်စခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့ည သန်းခေါင်အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း CDF ဆဲန်ထန် သတင်းရင်းမြစ်က ပြောသည်။

မေလ ၈ရက်တွင် CDF ဆဲန်ထန် ဌာနချုပ်နှင့် တပ်စခန်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် ယခု မေလ ၁၀ ရက်ညပိုင်းတွင် ထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

” ညတုန်းက စခန်းကတော့ မီးလောင်သွားတယ်။ ဌာနချုပ်ကတော့ အဆောက်အဦး အထိအခိုက်တော့ရှိတယ်။ အရင်ကတည်းက ပစ်ကတည်းက အထိအခိုက် ရှိပြီးသား။ လူထိခိုက်တာတော့မရှိဘူး”ဟု CDF ဆဲန်ထန် သတင်းရင်းမြစ်က ပြောသည်။

မေလ ၈ရက် လေကြောင်းတိုက်ခိုက်ခံရမှုတွင် CDF ဆဲန်ထန် ရဲဘော် နှစ်ဦးကျဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် လေကြောင်း တိုက်ခုက်ခံရ၍ တော်လှန်ရေးအပေါ် စိတ်ပျက်အားလျော့သွားမည်မဟုတ်ဘဲ ခွန်အားပင်ဖြစ်စေသည်ဟု CDF ဆဲန်ထန် သတင်းရင်းမြစ်က ပြောသည်။

“တော်လှန်ရေးမပြီးမချင်း ကျတော်တို့က မလျှော့ဘဲနဲ့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ရှေ့ဆက် သွားမယ်။ ပြီးရင် သူတို့ လေကြောင်းအားကိုးနဲ့ ကျနော်တို့ကို အဲဒီလိုမျိုးလုပ်တာ။ ကျနော်တို့အတွက်တော့ ရှေ့ဆက်ဖို့ပဲတွေးထားတယ်။ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် စိတ်မကောင်းတော့ ဖြစ်မိတယ်။ ပြီးရင်သူတို့ လုပ်လာတဲ့ အရာတွေကို ကျနော်တို့ ဆက်လုပ်ဖို့ စိတ်ဓာတ်ပြင်းပြနေပါတယ်။” ဟု ၎င်းက ပြောသည်။

ဟားခါးမြို့နယ်အတွင်း ဧပြီမှစ၍ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိ၍ ဟားခါးမြို့နယ်အပါအဝင် ချင်းပြည်နယ်ရှိ ပြည်သူလူထုများနေထိုင်ရာ နေရာများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်