Connect with us

Hi, what are you looking for?

သတင်း

ကျားဖြူစစ်ကြောင်း တပ်စခန်းလေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော်သုံးဦးကျဆုံး လေးဦးဒဏ်ရာရ

ကျဆုံးရဲဘော်များမှာ PDF ရဲဘော်ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော်ထွန်းလင်းအောင်(ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ)မမြင့်တို့ဖြစ်ကြောင်း အသိပေးထားသည်။

(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)
(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)

မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံး၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၆) နောက်တန်းစခန်းနေရာအား စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ရဲဘော် သုံးဦး ကျဆုံးကာ လေးဦး ဒဏ်ရာရခဲ့ကြောင်း ကြားဖြူစစ်ကြောင်း တပ်ခွဲ(၁)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မေလ ၇ရက် ညပိုင်းတွင် ကျားဖြူစစ်ကြောင်း စခန်းနေရာအား တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ယမန်နေ့ (မေလ ၈ရက်) နေ့လည်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ထပ်မံ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်ခံရ၍ ကျားဖြူစစ်ကြောင်းမှ ရဲဘော် နှစ်ဦး၊ ရဲမေတစ်ဦး စုစုပေါင်း သုံးဦးကျဆုံးကာ လေးဦးမှာ မပြင်းထန်သည့်ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

ကျဆုံးရဲဘော်များမှာ PDF ရဲဘော်ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော်ထွန်းလင်းအောင်(ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ)မမြင့်တို့ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)
(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Albino Tiger Company-1)

“သင်တို့သည် မိမိ မိသားစု၊ မိမိချစ်သူမိမိလူမှုအသိုင်းအဝိုင်း၊ မိမိတပ်ခွဲ၊ မိမိတပ်ဖွဲ့၊ မိမိစစ်ကြောင်း၊ မိမိ၏ PDF တပ်မတော်၊မိမိနိုင်ငံနှင့် အဆုံးစွန်သောလူ့ဘောင်ကို အဓမ္မတရား မင်းမူစိုးမိုးနေရာကနေဓမ္မတရားထွန်းကားစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်သည့် ဒီမိုကရေစီစနစ်၏အနှစ်သာရတို့နဲ့ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်တယ်။ သင်တို့ဟာ ဓမ္မဘက်တော်သား PDF တစ်ဦးဖြစ်တယ်။ကျားဖြူတပ်ခွဲ(၁)တွင် သင်တို့ထမ်းဆောင်ခဲ့သည့်တာဝန်များမှ လွတ်လပ်စွာ ထွက်ခွာခွင့်ပြုလိုက်တယ်”ဟု ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သည်။

ကျဆုံးရဲဘော်များ၏ ရဲရင့်သောတာ၀န်ကျေပြွန်မှုများက အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ကျားဖြူစစ်ကြောင်းတပ်ခွဲ(၁)က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဖယ်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သော ရဲဘော်များကိုယ်စား စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး အဆုံးထိတွန်းလှန်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။