Connect with us

Hi, what are you looking for?

သတင်း

မယ်ခါးထာ့တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှု တစ်နာရီသာကြာ

စခန်းသိမ်းဖြစ်စဉ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတိအကျ မသိရသေးဟု ထုတ်ပြန်သည်။ ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

(မီးရှို့ခံရသည့် မယ်ခါးထာ့စစ်ကောင်စီစခန်းကို တွေ့ရစဉ်။ Photos - Supplied to Salween Press)
(မီးရှို့ခံရသည့် မယ်ခါးထာ့စစ်ကောင်စီစခန်းကို တွေ့ရစဉ်။ Photos - Supplied to Salween Press)

▪️လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိဟု အသိပေး

▪️KNLA ပူးပေါင်းတပ်မှ တစ်ဦးကျဆုံး၊ သုံးဦးဒဏ်ရာရဟု FFDတပ်ဖွဲ့ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီ၏ မယ်ခါးထာ့ တပ်စခန်းသိမ်းတိုက်ပွဲ၌ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် Force for Federal Democracy (FFD)က သတင်းထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းကို ယနေ့(မတ်လ ၂၇ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က PDFနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တို့အား အမြစ်ပြတ်ချေမှုန်းမည်ဟု ပြောဆိုခဲ့ပြီး နောက်တစ်ရက်တွင် PDF နှင့် ပူးပေါင်းအဖွဲ့က စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

“သက်တမ်းအရှည်ဆုံး စခန်းတစ်ခုဖြစ်တဲ့ မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းကို KNLAတပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အတူ တိုက်ခိုက်သိမ်းပိုက်”ဟု တောင်ပိုင်းစစ်ဒေသ၌ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လျက်ရှိသည့် FFDက ထုတ်ပြန်သည်။

စစ်ကောင်စီဘက်က လက်နက်ကြီး ၊လက်နက်ငယ် နှင့် စက်လက်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထိတွေ့မှု တစ်နာရီခန့်အကြာတွင် မယ်ခါးထာ့ စစ်ကောင်စီစခန်းကို KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းဖြစ်စဉ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတိအကျ မသိရသေးဟု ထုတ်ပြန်သည်။ ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

မယ်ခါးထာ့စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက People’s Spring သို့ အတည်ပြုပြောကြားထားသည်။ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်နှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေ များနှင့်ပတ်သက်ပြီး KNU တာဝန်ရှိသူများထံ ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။