သတင်း
မဲဆောက်မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖြိုခွင်းတဲ့စီမံချက်အတွင်းမြန်မာ ၂၀၀ ကျော်ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။




















































