Connect with us

Hi, what are you looking for?

သတင်း

ပြည်ပခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အသံမြှင့်တောင်းဆိုခဲ့ဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။

အောက်တိုဘာ-၁၇၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။

အဲဒီ ခရီးစဉ်တွေ သွားရောက်ခဲ့တာဟာ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ဖို့ ဖြစ်ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိနေဖို့ Credential Campaign ပြုလုပ်ခဲ့တာ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုယ်စားပြု ဩစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့တာ၊ တန်ဇန်နီးယားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ ၁၃၅ ကြိမ်မြောက် ညီလာခံမှာ စစ်အုပ်စုရွေးတုလွှတ်တော်ရဲ့ စိမ်ခေါ်မှုတွေနဲ့အပြိုင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ရဲ့ ဆက်လက်ကိုယ်စားပြုခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာ၊ ချက်နိုင်ငံမှာကျင်းပတဲ့ Forum 2000 ကွန်ဖရင့်သို့ တက်ရောက်တာ စတဲ့ခရီးစဉ်တွေကို ဝန်ကြီးက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

” ကမ္ဘာတစ်ဝန်းမှာ ဒီမိုကရေစီကို ဝိုင်းဝန်းခုခံကာကွယ်နေကြရတဲ့ ဒီအချိန်မှာ မြန်မာ့အရေးကို မမေ့မလျော့ ဆက်လက်အာရုံစိုက်ကြဖို့၊ မြန်မာပြည်သူတွေနဲ့အတူ ညီညွတ်သွေးစည်းစွာ ရပ်တည်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ (အန်တီ )ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်လည်း အတူတကွ အသံမြှင့်တောင်းဆိုခဲ့ကြပါတယ်။” လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ရေးသားထားပါတယ်။

ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး စံနှုန်းတွေ ထိမ်းသိမ်းမြှင့်တင်ဖို့ နေနေသာသာ အကျိုးစီးပွါးပြိုင်ဆိုင်မှုတွေ ပြင်းထန် လာတဲ့ ၊ စိန်ခေါ်မှုတွေ တိုးလာ နေတဲ့ ကမ္ဘာနိုင်ငံရေး အခင်းအကျင်း ထဲမှာ မြန်မာ့အရေး နဲ့ပက်သက်ပြီး ကျားကန်ထားရတဲ့ နိုင်ငံတကာရဲ့ ညီညွတ်သွေးစည်းမှုဟာ မြေပြင်မှာ နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြည်သူတွေရဲ့ ရုန်းကန်မှုတွေနဲ့ ချိတ်ဆက်ပြီး လက်တွေ့ကျတဲ့ အထောက်အပံ့၊ ထိရောက်တဲ့ ဖိအားတွေအဖြစ် ပြောင်းလဲလာဖို့ဆက်လက်ကြိုးပမ်းရအုံးမယ်လို့လည်း ဝန်ကြီးက အသိပေးပါတယ်။

စစ်အာဏာရှင်တွေ အာဏာပလ္လင်ပေါ်က မဆင်းသရွေ့၊ ပြည်သူတွေရဲ့ အနာဂတ်ကို ပြည်သူတွေကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် မရသရွေ့ ၊ စုစည်းညီညွတ်ကြရမှာ ဖြစ်သလို အချင်းချင်း အားဖြည့်ကြရမယ်လို့ ဝန်ကြီးက ပြောပါတယ်။

” စိန်ခေါ်မှုတွေကို အားတင်းကျော်ဖြတ်ရင်း ဘုံပန်းတိုင်ဆီ ဟန်ချက်ညီညီ ရှေ့ဆက်ကြရပါမယ်။ဒီတော်လှန်ရေးမှာ ပေးဆပ်ထားရတဲ့ အသက်တွေ၊ ဘဝတွေ၊ ပျောက်ဆုံးသွားရတဲ့ အနာဂတ်တွေကို ကျွန်မတို့ ဘယ်တော့မှ မေ့ထားလို့မရပါဘူး။ သူတို့ မြင်ချင်၊ တွေ့ချင်ခဲ့တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိရာ၊ တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာကို အာမခံနိုင်ရာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်၊ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်နိုင်ခြင်းကသာ သူတို့ရဲ့ ပေးဆပ်မှုတွေအတွက် ကျွန်မတို့ ပေးနိုင်မယ့် အဖြေဖြစ်ပါတယ်” လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနဲ့ မဟာမိတ်ဆက်ဆံရေးတို့ ဟန်ချက်ညီညီ ချိတ်ဆက်လှုပ်ရှားနိုင်ဖို့ လိုကြောင်းလည်း ဝန်ကြီးက ရေးသားထားပါတယ်။

“ နယ်ပယ်တစ်ခုချင်းစီမှာ ရလာတဲ့ အောင်မြင်မှုတွေကို ဘုံပန်းတိုင်ဆီ တွန်းပို့နိုင်တဲ့ အင်အားအဖြစ် စုစည်းနိုင်မှ ကျွန်မတို့ မျှော်လင့်တဲ့ အချိုးအကွေ့ကို ရောက်နိုင်မှာပါ။ဒီနေရာမှာ ညီညွတ်ရေးဆိုတာ မဟာဗျူဟာမြောက် ညီညွတ်ရေးဖြစ်ဖို့ အရေးကြီးလှပါတယ်။ ဘုံရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း သဘောတူထားပြီး မတူညီတဲ့ အခန်းကဏ္ဍတွေ၊ လုပ်ဆောင်ချက်တွေကို အပြန်အလှန် အားဖြည့်နိုင်ဖို့၊ မဟာဗျူဟာနဲ့ နည်းဗျူဟာတို့ ဟန်ချက်ညီဖို့ လိုပါတယ်။ ကိုယ့်နယ်ပယ်က ကြိုးပမ်းမှုတွေဟာ အခြားနယ်ပယ်တွေရဲ့ အားထုတ်မှုတွေနဲ့ ဆုံစည်းပြီး တော်လှန်ရေးတစ်ရပ်လုံးအတွက် ရလဒ်ဖြစ်လာဖို့ပါပဲ” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အခက်အခဲတွေကို မှန်မှန်ကန်ကန် သိမြင်ပြီး အမှန်တရားအပေါ် အခြေခံတဲ့ ယုံကြည်မှု၊ မဟာဗျူဟာမြောက် စုစည်းမှုတို့နဲ့ ရှေ့ဆက်ကြရမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Forum 2000 ရဲ့ ရဲစွမ်းသတ္တိနဲ့တာဝန်ယူမှုဆိုင်ရာနိုင်ငံတကာဆုက မြန်မာပြည်သူတွေ လက်မလျော့သေးဘူးဆိုတာ ကမ္ဘာကိုသတိပေးလိုက်တာလို့ ကင်မ်အဲရစ်ပြော

အတွေးအမြင်

“စာဥစစ်ဆင်ရေး”ဆိုတဲ့ဖြစ်ရပ်တစ်ခု မြန်မာ့အတိတ်သမိုင်းမှာ ရှိခဲ့ပါတယ်။

သတင်း

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အောက်တိုဘာ ၁၁ ရက် က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျာမနီနိုင်ငံ Bielefeld မြို့မှာပြည်ပရောက်မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် Free Her Campaign ကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။