Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ ဆက်ဆံရေး အဖုအထစ် ဖြစ်နေချိန် ဥရောပ ခေါင်းဆောင်တွေကို ယူကရိန်း သမ္မတချီးကျူး

ဥရောပ မဟာမိတ် နိုင်ငံတွေရဲ့ တကယ့်ခေါင်းဆောင်ကောင်းတွေကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ချီးကျူးသွားခဲ့ပါတယ်။

ဓာတ်ပုံ -Reuters

ဥရောပ မဟာမိတ် နိုင်ငံတွေရဲ့ တကယ့်ခေါင်းဆောင်ကောင်းတွေကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ချီးကျူးသွားခဲ့ပါတယ်။

သူနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြား ဆက်ဆံရေး အေးခဲနေတဲ့ အခြေအနေမှာ ဇီလန်စကီးက အနောက်မဟာမိတ် ဥရောပ နိုင်ငံ ခေါင်းဆောင်တွေကို အခုလို ချီးကျူးစကား ပြောခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ယူကရိန်းရဲ့ တိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့ ထရမ့်က ဖိအားပေးနေချိန်မှာ ဥရောပ နိုင်ငံတွေကတော့ ဇီလန်စကီးဖက်ကနေ အားပေး ရပ်တည်နေကြပါတယ်။

ထရမ့်ရဲ့ တောင်းဆိုမှုအရ ယူကရိန်းဟာ ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို ၃ ရက်ကြာ တိုက်ခိုက်မှု ရပ်နားထားခဲ့ပေမယ့် ရုရှားဖက်က ယူကရိန်း အခြေခံ အဆောက်အအုံတွေကို ဆက်ပြီး တိုက်ခိုက်နေတာကြောင့် ယူကရိန်းကလည်း မူလ စစ်ဆင်ရေးတွေကို ပြန်စလာပါတယ်။

Public Service Announcement

Public Service Announcement

အီရန်စစ်ပွဲကြောင့် နိုင်ငံတကာ ဒီဇယ်ဆီစျေးတွေ မြင့်တက်လာတာကို တားဆီးဖို့ ကြိုးစားနေတဲ့ ထရမ့်ဟာ ရုရှားကို ဒီဇယ်ဆီတွေ တင်ပို့ရောင်းချဖို့ ခွင့်ပြုခဲ့သလို ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို ယူကရိန်းက ဆက်ပြီး မတိုက်ခိုက်ဖို့ တားဆီးခဲ့တာ ဖြစ်ပါတယ်။

ရုရှားနဲ့ လောင်စာဆီ အရောင်းအဝယ်ကိစ္စ ထရမ့်က သဘောတူညီမှု ရယူခဲ့တဲ့နောက် ဇီလန်စကီးက ယူကရိန်းဟာ သစ္စာဖောက် ခံရသလို ခံစားမိကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့်ကလည်း ဇီလန်စကီးဟာ ဖြစ်သင့်တဲ့ သဘောတူညီမှုတွေကို ခေါင်းမာမာ ငြင်းပယ်ခဲ့သူ တစ်ယောက်လို့ တုံ့ပြန်စွပ်စွဲပြီး ယူကရိန်းဟာ ခေါင်းဆောင်သစ်တစ်ဦး ရလာသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ထရမ့်က ဇီလန်စကီးကို နောက်တစ်ကြိမ် ထိုးနှက်တဲ့ အနေနဲ့ ပူတင်ထက်တောင် ကိုင်တွယ်ရခက်သူလို့ ဝေဖန်ခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ ဥရောပ သမဂ္ဂ (EU) ခေါင်းဆောင်တွေ ခြံရံရင်း မိန့်ခွန်းပြောရာမှာတော့ ဇီလန်စကီးက အမေရိကန်နဲ့ လက်ရှိ ဆက်ဆံရေး အကြောင်းကို တိုက်ရိုက် မရည်ညွှန်းပေမယ့် ဥရောပနဲ့ ဆက်ဆံရေးကို အလေးထား ချီးကျူးသွားပါတယ်။

EUရဲ့ အံ့မခန်း ကြီးမားတဲ့ ထောက်ပံ့ပေးမှုအတွက် ယူကရိန်းက အမြဲတမ်း ကျေးဇူးတင်နေကြောင်း၊ ဥရောပရဲ့ တကယ့် စစ်မှန်တဲ့ ခေါင်းဆောင်တွေဟာ စစ်ပွဲစတင်ချိန် ကတည်းက ယူကရိန်းနဲ့ တစ်သားတည်း အတူရှိနေပေးခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

အခုသီတင်းပတ်အတွင်း ယူကရိန်းဟာ စစ်ရေးနဲ့ ပတ်သက်လို့ အခက်အခဲ အခြေအနေတချို့ ကြုံတွေ့ခဲ့ရပြီး အမေရိကန်က ထောက်ပံ့ပေးထားတဲ့ Starshield စစ်သုံး အင်တာနက်ကွန်ရက် မြန်နှုန်းတွေ နှေးကွေးကုန်လို့ ယူကရိန်းရဲ့ မြန်နှုန်းမြင့် စစ်လက်နက်တွေ အသုံးပြုလို့ မရဘဲ ဖြစ်ကုန်ပါတယ်။ ထရမ့်ကတော့ Starshield မြန်နှုန်းတွေကို လျှော့ချဖို့ သူအမိန့်ပေးခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါ့အပြင် ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး ခဲယမ်းလက်နက်တွေ လျော့ကျလာတဲ့ အကျပ်အတည်းကလည်း ပိုမို ဆိုးရွားလာနေကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ