Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီတွေကို ကူညီပေးနေကြောင်း ဆော်ဒီ စွပ်စွဲချက်ကို အီရန်ငြင်းဆို

ဆော်ဒီအာရေးဘီးယားကို ဟိုသီတပ်တွေက တိုက်ခိုက်နေမှုမှာ ပါဝင် ကူညီပေးနေကြောင်း စွပ်စွဲမှုတွေကို အီရန်က ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဆော်ဒီအာရေးဘီးယားကို ဟိုသီတပ်တွေက တိုက်ခိုက်နေမှုမှာ ပါဝင် ကူညီပေးနေကြောင်း စွပ်စွဲမှုတွေကို အီရန်က ငြင်းဆိုခဲ့ပါတယ်။

ယီမင်အခြေစိုက် ဟိုသီတွေဟာ ဆော်ဒီနဲ့ စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်တက်လာတဲ့နောက် ဆော်ဒီမှာရှိတဲ့ လေဆိပ်တွေ၊ ရေနံချက်စက်ရုံတွေ၊ ရေနံတင်သင်္ဘောတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရီယတ်ဒ်မြို့တော်က နိုင်ငံတကာ လေဆိပ်ကို ဟိုသီတွေ တိုက်ခိုက်တဲ့ ဖြစ်စဉ်တစ်ခုမှာဆိုရင် လူ ၁၃ ဦးထိ သေဆုံးခဲ့ကြောင်း ဆော်ဒီက ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဟိုသီတွေဖက်ကနေ အီရန်က သွေးထိုး မြှောက်ပင့်ပေးပြီး ပြဿနာတွေကို ပိုဆိုးအောင် ဖန်တီးနေတယ်လို့ စွပ်စွဲခဲ့ပြီး အီရန်ကတော့ ငြင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီစမေးလ် ဘက်ကိုင်က ယီမင်က စစ်ပွဲတွေမှာ အီရန်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက် မှန်သမျှက မှားယွင်းနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယီမင်မှာရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ကိုယ်ပိုင် သဘောထား၊ ခံယူချက်တွေနဲ့ လှုပ်ရှားနေကြတာ ဖြစ်ပြီး အခုလို စွပ်စွဲ ပြောဆိုမှုတွေဟာ အီရန်နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကြားက ဆက်ဆံရေး တကယ့် အခြေအနေအပေါ် မထင်ဟပ်စေကြောင်း ဘက်ကိုင်က ဆိုပါတယ်။

ဆော်ဒီ ပြည်သူ့ သံတမန်ရေးရာ ဒုတိယဝန်ကြီး ဒေါက်တာရာယက်ဒ် ခရင်မ်လီက ဟိုသီတွေဟာ အိုမန်မှာ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက် တစ်ခုကို ပယ်ချခဲ့ပြီး တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဘက်ကိုင်ကတော့ အီရန်ဟာ အခွင့်အရေးသာ ရမယ်ဆိုရင် ရန်လိုတိုက်ခိုက်မှုတွေ အဆုံးသတ်နိုင်အောင် ကိုယ့်ရဲ့ အခန်းကဏ္ဍကို အသုံးချပေးဖို့ အမြဲတမ်း လိုလား အသင့်ရှိနေကြောင်း မှတ်ချက်ပေးသွားပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့တုန်းက ရီယတ်ဒ်မြို့နဲ့ နိုင်ငံတောင်ပိုင်း ဧရိယာတွေဆီ ဦးတည် ပျံသန်းခဲ့တဲ့ ဟိုသီဒရုန်း ၃ စီးနဲ့ ပင်လယ်နီဖက်ကို ပျံသန်းနေတဲ့ ခရုစ်ဒုံးကျည် ၂ စင်းတို့ကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း ဆော်ဒီ စစ်ဘက်က ထုတ်ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ