Hi, what are you looking for?
ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ဖော်ပြပါတယ်။
နိုဝင်ဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ ယနေ့ (နိုဝင်ဘာလ၂၀) ညနက်ပိုင်းကစပြီး စစ်တပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေပြီး မြစ်ကြီးနားမြို့မှာလည်း ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ည ၁၁နာရီ ၂၁မိနစ်ခန့်ကစပြီး ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေတာဖြစ်ပါတယ်။ဆိုင်းတောင်ရွာဘက်ကလူနေအိမ်တချို့ကိုထိမှန်ပေါက်ကွဲနေပြီး ည ၁၂နာရီထိုးကာနီးအထိ ဆက်ပစ်နေပါတယ်။ လက်နက်ကြီးကျည်ဒလက်လွင့်စင်သွားတဲ့အသံပါကြားရပြီး အရပ်သားတွေအနီးပတ်ဝန်းကျင်ကို ဦးတည်ပစ်နေတာလို့...