Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲနာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာ ထားဝယ်၊ ပြည်၊ မြဝတီ စတဲ့မြို့​တွေမှာ မဲရုံ​တွေအနီး နဲ့ ကြံ့ဖွံ့ပါတီရုံးအနီး​တွေမှာ ပေါက်ကွဲမှုတွေဖြစ်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

မြဝတီမြို့မှာ ကြံ့ဖွံ့ပါတီရုံးအနီးဗုံး ပေါက်ကွဲမှုဖြစ်ပြီး ထွက်လာတဲ့ မီးခိုးလုံး နဲ့ မြင်ကွင်းကို တွေ့ရစဥ်။ ဓာတ်ပုံ- ပေးပို့

■ပြည်သူတွေလုံခြုံရေးသတိနဲ့နေဖို့ တော်လှန်ရေးတပ်တွေသတိပေး

ဒီဇင်ဘာ-၂၇၊၂၀၂၅။အိမ်သွင်၊​ဇော်ဝင်း/People’s Spring

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာ ထားဝယ်၊ ပြည်၊ မြဝတီ စတဲ့မြို့​တွေမှာ မဲရုံ​တွေအနီး နဲ့ ကြံ့ဖွံ့ပါတီရုံးအနီး​တွေမှာ ပေါက်ကွဲမှုတွေဖြစ်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

တမူးမြို့မှာပေါက်ကွဲသံနဲ့ပစ်ခတ်သံတွေကြားရင် ဒေသခံတွေထွက်မကြည့်ကြဖို့ ကာကွယ်ရေးရဲဘော်တွေကသတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဒီနေ့(ဒီဇင်ဘာလ၂၇ရက်) ည ၇နာရီခန့်ကစပြီးပေါက်ကွဲသံ ၄ကြိမ်ထက်မနည်းကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ ထွက်‌ ပေါ်ပြီးတဲ့နောက် စစ်တပ်က ကားတန်းနဲ့ မြို့ကိုပတ်နေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းပြည်မြို့နယ်မှာဆိုရင်လယ်ဘဲ့ကျေးရွာက မဲရုံ၊ဝက်ထီးကန်ရဲစခန်းနဲ့ ဝက်မြေတောရွာမဲရုံ အနီးမှာ ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

“ မနက်ဖြန် ရွေးကောက်ပွဲနေ့ဘာတွေဆက်ဖြစ်မှန်းမသိဘူး။ ရွေးကောက်ပွဲကိုဘယ်သူမှလည်းစိတ်မဝင်စားဘူး။စစ်တပ်က ခြိမ်းခြောက်ပြီး မဲရုံတွေကိုလာခိုင်းနေတယ်” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာရှိတဲ့ ကြံခိုင်ရေးပါတီရုံး အနီးနဲ့ စစ်​ကောင်စီရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးအနီး​တွေမှာ ည ၁၀ နာရီဝန်းကျင်အထိ ဗုံးသုံးကြိမ်​ပေါက်ကွဲခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

“ ကြံ့ဖွတ်ရုံးကိုချတာ။ လူထိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီ​နေ့ည ၈ နာရီ ၄၅ မှာတစ်ကြိမ်၊ည ၉ နာရီခွဲလောက်မှာ တစ်ကြိမ်ဗုံး ၊ ည ၁၀ နာရီခန့်မှာတစ်ကြိမ်ပေါက်ကွဲခဲ့တာပါ။ဒုတိယဗုံးကွဲပြီး​နောက်မီးခိုးလုံးတွေ ဆက်တိုက်တက်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။ ​

တတိယ​မြောက်ဗုံးကအမှတ်(၃)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးမှာ ဗုံးကွဲခဲ့တာလို့ ​ဒေသခံတဦးက​ပြောပါတယ်။အခြားဒေသခံတစ်ဦးကလည်း “ တံတား အမှတ်(၂)နားမှာနေတာ အိမ်ပါတုန်တယ်” လို့ ပြောပါတယ်။

ပြင်းထန်တဲ့ပေါက်ကွဲသံကို မြဝတီမြို့နေ ပြည်သူတွေ ကြားသိခဲ့ရတယ်လို့ဆိုပါတယ်။

“ အုံးဆိုတဲ့အသံက တော်တော်ကိုကျယ်တာ။ သတိနဲ့နေရတယ်။ဒရုန်းနဲ့ ကြဲတာလိုလို။ဗုံးကွဲတာလိုလိုပဲ ပြောနေကြတယ်” လို့ မြဝတီ အမှတ်(၅)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဗုံး​ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ် ၊ပျူ​စောထီး ၊BGF ​တွေက ကား ၁၀ စီး​ကျော် အင်အားအပြည့်နဲ့ ဗုံးကွဲတဲ့ အနီးပတ်ဝန်းကျင်ကို ​သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်​နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့တွေကလုံခြုံရေးယူပြီး မြဝတီမြို့မှာ ရွေးကောက်ပွဲ လုပ်ဖို့ စီစဥ်​နေတာဖြစ်ပါတယ်။မြဝတီမြို့ပေါ်က ရပ်ကွက် ခုနစ်ခု၊ ပူလွဲပူကျေးရွာအုပ်စု၊မဲပလဲ့ကျေးရွာအုပ်စု၊မဲကနယ်ကျေးရွာအုပ်စု နဲ့ ဖားကလူကျေးရွာအုပ်စုမှာ မဲရုံ ၃၅ ခု ထားမယ်လို့ သိရပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲ မဲရုံ​တွေဖွင့်ဖို့ နာရီပိုင်းအလိုမှာ အခုလို ​ပြင်းထန်တဲ့​ပေါက်ကွဲမှု​တွေ​ကြောင့်မြဝတီမှာ ​ရွေး​ကောက်ပွဲ ပျက်ဖို့များတယ်လို့​​​ဒေသခံတစ်ဦးက​ပြောပါတယ် ။စစ်တပ်လက်နက်ကိုင်အဖွဲ့​တွေပါ ဗုံးကွဲမှု​တွေ​ကြောင့် စိုးရိမ်​နေသလို ၊ပြည်သူ​တွေလည်း​ မဲ​ပေးမှာ မဟုတ်​တော့ဘူးလို့ သူကဆက်​ပြောပါတယ်။

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ မဲမထည့်ပဲသပိတ်မှောက်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်တပ်ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်တွေက စစ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့ အချို့က ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာ ရှိတယ်လို့ သိရပါတယ်။

စစ်တပ်ရွေးကောက်ပွဲမှာ ဒေသခံတွေမဲပေးဖို့ ခြိမ်းခြောက် ဖိအားပေးနေပါတယ်။ ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့မဲရုံတွေနားကိုမသွားဖို့လည်း တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

ဒါအပြင်ကချင်ပြည်နယ်ဖားကန့်မြို့မှာလည်း ဒီနေ့ညနေပိုင်းပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဒေသခံ ၁ဦးသေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့ကကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဒေသတွင်းမှာ ပစ်ခတ်မှုနဲ့ပေါက်ကွဲမှုတွေဖြစ်ရင် နေအိမ်ပြင်ပကိုထွက်ပြီးမကြည့်ကြဖို့ ဒီနေ့ညပိုင်းမှာသတိပေးထားပါတယ်။မကွေးတိုင်းစလင်းမြို့မှာလည်း စစ်ကောင်စီရဲ့မဲရုံတွေနားကိုမသွားဖို့နဲ့ ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုကြဖို့ ကာကွယ် ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့မှာ လုံခြုံရေး ယာဉ်တန်းနဲ့ပတ်နေသလို ဧရာဝတီတိုင်းကမြို့နယ်တွေမှာလည်းရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ စျေးတွေပိတ်ထားဖို့၊ လူစုလူဝေးမလုပ်ဖို့ သတိပေးထားပြီး မဲလာပေးဖို့လည်း ခြိမ်း ခြောက်ဖိအားပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးယူ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ် ၂လုံးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ရက်ထက် စောပြီးလုပ်​နေသလိုကြိုတင်မဲ​တွေဖိအား​ပေးပြီး ​ပေးခိုင်းနေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရွေးကောက်ပွဲကျင်းပတာနှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့စွပ်စွဲချက် လူ ၄၀၀ ကျော်ကိုဖမ်းဆီးထားတယ်လို့အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲ ရေးဝန်ကြီး က ဇန်နဝါရီလ ၂၀ ရက် မှာ နေပြည်တော်မှာရှိတဲ့ ရဲဌာနချုပ်မှာ ထုတ်ပြောလိုက်ပါတယ်။