Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

မုံရွာမြို့တနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ - TTW

နိုဝင်ဘာ-၂၆၊ ၂၀၂၅။ဇေအောင်/People’s Spring

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၆ရက် မနက် ၆ နာရီခန့်က မုံရွာမြို့ပေါ်က ကြံ့ဖွံ့ပါတီရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညကတည်းက ပေါက်ကွဲသံတွေရော၊ သေနတ်ပစ်သံတွေကော ကြားနေရတာ။ ဒီမနက်လည်း ကြံ့ဖွံ့ရုံးရှေ့ ပစ်သွားတာပြောတယ်။ လူထိခိုက်သံတော့ မကြားဘူး”လို့ မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညကဖြစ်စဥ်နဲ့ ပတ်သတ်လို့ အခြားဒေသခံတဦးကကလည်း “မြို့ပေါ်သေနတ်သံတချို့ကြားရတယ်။ ၁၀ ချက်ကျော်တယ်”လို့ ပြောပါတယ်။ မနေ့ညက ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး။

ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က မုံရွာမြို့ပေါ်မှာ ကင်းပတ်ပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မုံရွာမြို့ပေါ်မှာ မုံရွာခရိုင်အတွင်းက Non CDM ဝန်ထမ်းတွေကို ခေါ်ယူပြီး မဲရုံနဲ့ပတ်သက်တဲ့သင်တန်းတွေ ပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ ဆန့်ကျင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

Facebook