သတင်း
အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။
Hi, what are you looking for?
အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီသည် မလဲသာရွာ ဒေသခံများပိုင်ဆိုင်သည့် တိုက်အိမ်ကြီးများ၊ ကားများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။မေလ ၂ရက်က မီးရှို့မှုတွင် ဒေသခံတစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်ဟု အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
"စစ်မိစ္ဆာတွေ ရှို့တဲ့မီးကြောင့် အိမ်ခြေ (၅၀၀) ကျော်၊ တစ်ရွာလုံးနီးပါး ပြာကျခဲ့ပြီး လူဦးရေ ထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါပြီ"ဟု အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။