Connect with us

Hi, what are you looking for?

သတင်း

အရာတော် မလဲသာရွာပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်အကူအညီလိုအပ်နေ

အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

အရာတော် မလဲသာရွာ
အရာတော် မလဲသာရွာ

ပြီးခဲ့သည့်မေလက နေအိမ် ၆၀၀နီးပါး မီးရှို့ဖျက်ဆီးခံရသည့် အရာတော်မြို့နယ် မလဲသာကျေးရွာမှ ဒေသခံများသည် ယခုအခါ စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေသောကြောင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြရန် ဒေသခံအချို့က အကူအညီတောင်းခံလိုက်သည်။

အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

အရာတော် မလဲသာရွာ
အရာတော် မလဲသာရွာ

“အရင်က ဘေးရွာတွေကနေ ကူညီလို့ စားရေးသောက်ရေးအဆင်ပြေတယ်။ အခုတော့ မီးရှို့ခံရတဲ့ရွာတွေများလာတဲ့အခါ ကျွန်တော်တို့ အကူအညီတွေ မရတော့ဘူး”ဟု မလဲသာရွာ ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

အိမ်ကြီးအိမ်ကောင်းများစွာ မီးရှို့ဖျက်ဆီးခံရသည့် မလဲသာရွာသည် ယခုအခါ ရွာပျက်တစ်ခုလို ဖြစ်နေပြီး ဒေသခံများသည် တောင်ယာများနှင့် ဥယာဥ်ခြံများတွင် ယာယီတဲထိုး၍ နေကြရသည်။ မိုးတွင်းအတွက်လှောင်ထားသော ဆန်နှင့်စပါးများကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား၍ စားနပ်ရိက္ခာ ပြန်လပ်သွားခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အရာတော် မလဲသာရွာ
အရာတော် မလဲသာရွာ

“ထမင်းအိုးတောင်မရှိတဲ့ မိသားစု​တွေလည်း များတယ်။ စားရေးသောက်ရေးအတွက် အကူအညီတွေ အခုချက်ချင်းကို အရေးပေါ်လိုနေတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မလဲသာရွာ ပြည်သူများကို ကူညီလိုသူများသည် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အောက်ပါ Link https://www.facebook.com/ayadawpeoplesadministration/
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။