Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော် မလဲသာရွာပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်အကူအညီလိုအပ်နေ

အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

အရာတော် မလဲသာရွာ
အရာတော် မလဲသာရွာ

ပြီးခဲ့သည့်မေလက နေအိမ် ၆၀၀နီးပါး မီးရှို့ဖျက်ဆီးခံရသည့် အရာတော်မြို့နယ် မလဲသာကျေးရွာမှ ဒေသခံများသည် ယခုအခါ စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေသောကြောင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြရန် ဒေသခံအချို့က အကူအညီတောင်းခံလိုက်သည်။

အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

အရာတော် မလဲသာရွာ
အရာတော် မလဲသာရွာ

“အရင်က ဘေးရွာတွေကနေ ကူညီလို့ စားရေးသောက်ရေးအဆင်ပြေတယ်။ အခုတော့ မီးရှို့ခံရတဲ့ရွာတွေများလာတဲ့အခါ ကျွန်တော်တို့ အကူအညီတွေ မရတော့ဘူး”ဟု မလဲသာရွာ ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

အိမ်ကြီးအိမ်ကောင်းများစွာ မီးရှို့ဖျက်ဆီးခံရသည့် မလဲသာရွာသည် ယခုအခါ ရွာပျက်တစ်ခုလို ဖြစ်နေပြီး ဒေသခံများသည် တောင်ယာများနှင့် ဥယာဥ်ခြံများတွင် ယာယီတဲထိုး၍ နေကြရသည်။ မိုးတွင်းအတွက်လှောင်ထားသော ဆန်နှင့်စပါးများကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား၍ စားနပ်ရိက္ခာ ပြန်လပ်သွားခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အရာတော် မလဲသာရွာ
အရာတော် မလဲသာရွာ

“ထမင်းအိုးတောင်မရှိတဲ့ မိသားစု​တွေလည်း များတယ်။ စားရေးသောက်ရေးအတွက် အကူအညီတွေ အခုချက်ချင်းကို အရေးပေါ်လိုနေတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မလဲသာရွာ ပြည်သူများကို ကူညီလိုသူများသည် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အောက်ပါ Link https://www.facebook.com/ayadawpeoplesadministration/
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

သတင်း

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၅ရက်တွင် တိုက်ခိုက် သိမ်းယူထားခြင်းဖြစ်သည်။

နိုင်ငံတကာ

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း

အများပြည်သူလုံခြုံရေးအတွက် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများအား နီးစပ်ရာ တော်လှန်ရေး အင်အားစုများထံ သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ကြရန် စသည့် အချက် ငါးချက်အား အရာတော်(ပကဖ)အဖွဲ့က အသိပေးသည်။