Connect with us

Hi, what are you looking for?

News

တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံရ၍ လူဦးရေထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် မလဲသာရွာကို အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျပ်သိန်း၂၀ ထောက်ပံ့

“စစ်မိစ္ဆာတွေ ရှို့တဲ့မီးကြောင့် အိမ်‌ခြေ (၅၀၀) ကျော်၊ တစ်ရွာလုံးနီးပါး ပြာကျခဲ့ပြီး လူဦးရေ ထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါပြီ”ဟု အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီတပ်က တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးသွား၍ လူဦးရေထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ကျေးရွာကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျပ်သိန်း၂၀ ထောက်ပံ့မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ဝိုင်းဝန်ကူညီပေးကြရန် အကူအညီတောင်းခံသည်။

အိမ်ခြေ ၅၀၀ခန့်ရှိသော အရာတော်မြို့နယ် မလဲသာရွာသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရပြီး ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(မေ ၄ ရက်)ထုတ်ပြန်သည်။

Public Service Announcement

“စစ်မိစ္ဆာတွေ ရှို့တဲ့မီးကြောင့် အိမ်‌ခြေ (၅၀၀) ကျော်၊ တစ်ရွာလုံးနီးပါး ပြာကျခဲ့ပြီး လူဦးရေ ထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါပြီ”ဟု အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

ထို့ကြောင့် အဖွဲ့၏အရေးပေါ်ရံပုံငွေထဲမှ သိန်း၂၀ကိုမလဲသာရွာ မီးဘေးသင့်ပြည်သူများအတွက် ခွဲဝေထောက်ပံ့သွားမည်ဖြစ်ပြီး ဒေသအနှံ့မှ ပြည်သူလူထုအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးရန် အကူအညီတောင်းသည်။

Public Service Announcement

Public Service Announcement

မလဲသာကျေးရွာမှ ဒေသခံများအား ကူညီလှူဒါန်းလိုပါက အောက်ပါ link

m.me/ayadawpeoplesadministration

https://www.facebook.com/ayadawpeoplesadministration/
မှတစ်ဆင့် လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်