Connect with us

Hi, what are you looking for?

LuduNwayOo

News

တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံရ၍ လူဦးရေထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် မလဲသာရွာကို အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျပ်သိန်း၂၀ ထောက်ပံ့

“စစ်မိစ္ဆာတွေ ရှို့တဲ့မီးကြောင့် အိမ်‌ခြေ (၅၀၀) ကျော်၊ တစ်ရွာလုံးနီးပါး ပြာကျခဲ့ပြီး လူဦးရေ ထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါပြီ”ဟု အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီတပ်က တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးသွား၍ လူဦးရေထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ကျေးရွာကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျပ်သိန်း၂၀ ထောက်ပံ့မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ဝိုင်းဝန်ကူညီပေးကြရန် အကူအညီတောင်းခံသည်။

အိမ်ခြေ ၅၀၀ခန့်ရှိသော အရာတော်မြို့နယ် မလဲသာရွာသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရပြီး ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(မေ ၄ ရက်)ထုတ်ပြန်သည်။

Public Service Announcement

“စစ်မိစ္ဆာတွေ ရှို့တဲ့မီးကြောင့် အိမ်‌ခြေ (၅၀၀) ကျော်၊ တစ်ရွာလုံးနီးပါး ပြာကျခဲ့ပြီး လူဦးရေ ထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါပြီ”ဟု အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

ထို့ကြောင့် အဖွဲ့၏အရေးပေါ်ရံပုံငွေထဲမှ သိန်း၂၀ကိုမလဲသာရွာ မီးဘေးသင့်ပြည်သူများအတွက် ခွဲဝေထောက်ပံ့သွားမည်ဖြစ်ပြီး ဒေသအနှံ့မှ ပြည်သူလူထုအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးရန် အကူအညီတောင်းသည်။

Public Service Announcement

Public Service Announcement

မလဲသာကျေးရွာမှ ဒေသခံများအား ကူညီလှူဒါန်းလိုပါက အောက်ပါ link

m.me/ayadawpeoplesadministration

https://www.facebook.com/ayadawpeoplesadministration/
မှတစ်ဆင့် လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။