သတင်း ငှက်ပစ်စီမံချက်အရ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဟု NUG အသိပေး ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဩဂုတ် 9, 2022
သတင်း ဖားကန့် ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက် ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။ LuduNwayOoဩဂုတ် 9, 2022
သတင်း လွိုင်ကော်မြို့နယ် ဒေါပါပါးရွာ လူထုကိုပစ်မှတ်ထားပြီး စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက် ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။ LuduNwayOoဩဂုတ် 9, 2022
သတင်း သုံးထပ်ကွေ့နားမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ် ဒီလိုစစ်ကောင်စီက လေယာဉ်နဲ့ အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက်မှုလုံးဝမရှိဘးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoဩဂုတ် 8, 2022
သတင်း တိုက်ပွဲနေ့စဉ်ဖြစ်နေသည့် မြဝတီ – ဝေါ်လေလမ်း သုံးထပ်ကွေ့အနီးသို့ စစ်ကောင်စီတပ် လေကြောင်းမှ အလစ်တိုက်ခိုက် အဆိုပါဒေသတွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း ကျောက်ကြီးတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်လာ၍ ပြန်လည်ပစ်ခတ်ရာ ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ရဟု KNU ထုတ်ပြန် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း KNUတပ်မဟာ(၃)နယ်မြေကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သားလေးဦး ဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ လေးဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 30, 2022
သတင်း ခေါင်းဆောင်သစ်ပြန်ရွေးမည့်ညီလာခံကို မဖြစ်မနေကျင်းပသွားမည်ဟု KNU ပြော စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း KNU နယ်မြေများ၌ စစ်ကောင်စီ တပ်နှင့် တိုက်ပွဲပေါင်း ၅,၈၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄,၀၀၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာ လည်းရှိခဲ့သည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ဖားကန့် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဆက်လက်ပြင်းထန်၊ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ဟု KIA အသိပေး ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ခင်ဦးမြို့နယ် အနောက်ခြမ်းရှိရွာများကို စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022