Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ် အနောက်ခြမ်းရှိရွာများကို စစ်​ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်နေ၍ ​ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း – သာဝတ္တိ – မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

(ခင်ဦးနယ်ကျေးရွာများအား ပစ်ခတ်နေသောရဟတ်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-သုတဇေယျာ)
(ခင်ဦးနယ်ကျေးရွာများအား ပစ်ခတ်နေသောရဟတ်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-သုတဇေယျာ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ခုနစ်ရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းပစ်ခတ်မှုပြုလုပ်နေ၍ ​ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင်လ၁၈ရက်နေ့) နံနက် ၁၀နာရီခန့်က ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ သာဝတ္ထိကျေးရွာ၊ မုံလှရွာ၊ ပင်စိမ်းခင်းရွာ၊ ကျောက်တိုင်ရွာ၊ ကျည်စုရွာ၊ ငါးယုံကြီးရွာ၊ ရှားတော ကျေးရွာများအား စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးစီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီတပ်သည် ယမန်နေ့( ဇူလိုင် ၁၇ရက်)က ရေဦးမြို့မှ မြေပြင်စစ်အင်အား ၁၀၀ကျော်ဖြင့် သာဝတ္ထိရွာတောင်ပိုင်းကို စတင်ဝင်ရောက်လာခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းကလည်း ​ကျေးရွာ၏မြောက်ဘက်ကို လက်နတ်ကြီးများဖြင့် ၁၀လုံးထက်မနည်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ရဟတ်ယာဥ်သုံးစီးနဲ့ ရောက်လာပြီး ပစ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ချိန် နာရီဝက်ကျော်ကြာ​ခဲ့ပြီး ထိခိုက်သေဆုံးမှုမသိရသေးကြောင်း၊ ယာတောများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး လယ်လုပ်၊ယာလုပ်သူများ ပြေးလွှားနေကြရကြောင်း ဒေသခံများက ပြောသည်။

“လက်ရှိအချိန်အထိ ငါးစီးဝဲနေတုန်း။ သုံးစီးက ဒီပဲယင်းညောင်လှဘက်က ​ွေးတွေ သယ်ပြီး လာချပေးနေတာ။ ၂စီးကMi-35တွေက ပစ်ခတ်တာတွေပြုလုပ်နေတယ်။”ဟု ကနီသားများ၏ ရင်တွင်းအသံက အသိပေးသည်။

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း – သာဝတ္တိ – မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။