Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့နယ် ဒေါပါပါးရွာ လူထုကိုပစ်မှတ်ထားပြီး စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။

(လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ် ဒေါပါပါးကျေးရွာ လူထုကို ပစ်မှတ်ထားပြီး အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ လက်နက်ကြီးများဖြင့်တိုက်ခိုက်ရာ အရပ်သား ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြော သည်။

ယနေ့(သြဂုတ် ၉ ရက်) နံနက် ၁၀ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ် နှစ်စီး ဖြင့် (၅)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် (၁၂၀) မမဖြင့် (၇)လုံးတိတိ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထိုသို့ ဗုံးကြဲတိုက်ခိုက် ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး ဗုံးထိမှန်သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးသည်။

(လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“တိုက်ပွဲ လုံးဝ မဖြစ်ဘဲ နဲ့ကို ဗုံးကြဲခံရတာ။ကလေး တွေ ငိုပြီးထွက်ပြေးခဲ့ရတာ အဲဒီနေရာပဲ”ဟု ၎င်းက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူထုဆေးပေးခန်းတစ်လုံးနှင့် လူနေအိမ်တစ်လုံး ကြီးကြီးမားမား ပျက်စီးသွားကြောင်းလည်း သိရသည်။

Public Service Announcement
Public Service Announcement

ယနေ့ဖြစ်ရပ်သည် အရပ်ဖက်လူထုပစ်မှတ်အား ရဟတ်ယာဥ်အပြင် လက်နက်ကြီးတို့ဖြင့် တစ်ပြိုင် တည်း ဗုံးကြဲပစ်ခတ်သည့် ပထမဆုံးအကြိမ်ဟု ဆိုသည်။

(လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းအားတော်လှန်လျှက်ရှိသော ဒေသများတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအား ဆက်လက်ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။