Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၃)နယ်မြေကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သားလေးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ လေးဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ဇူလိုင် ၂၉ရက် နံနက်ပိုင်းတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ သောတူဒေး၊ ကွီးဒိုကယ်ခို၊ ခလယ်ကွီးကယ်ခို နေရာများသို့ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် (၃)ကြိမ် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ လေးဦး အသက်အန္တရာယ်မစိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ညနေပိုင်းတွင် ပစ်ခတ်သည့် နေရာများသို့ လေယာဉ်များဖြင့် ထပ်မံ ထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။