သတင်း ရေဦးနယ်ရှိ ဗောဓိအထက်တန်းကျောင်း စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက် စစ်ကောင်စီတပ်သည် ဆေးရုံ၊ ကျောင်းစသည့် ပြည်သူလူထုရှိရာနေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုများ ပိုမိုပြုလုပ်လာနေ၍ လုံခြုံရေးသတိပိုမိုရှိကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။ LuduNwayOoမေ 9, 2023
သတင်း ဖယ်ခုံမြို့နယ် လန်းကောရွာကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူ များနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်စခန်းများနှင့် လူထုအခြေပြု ဆေးရုံ၊ ဆေးခန်းများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း KNDFက အသိပေးထားသည်။ LuduNwayOoမေ 6, 2023
သတင်း စစ်ကောင်စီက မင်းကင်းတွင်လေကြောင်းမှ ဗုံးကြဲ၊ကလေးနှစ်ဦးအပါအဝင်ပြည်သူ ၆ ဦးသေဆုံးပြီး၊၁၁ဦး ဒဏ်ရာရ ပိက္ခယားရွာကို မေလ ၄ ရက်မွန်းလွဲ(၁)နာရီခန့်တွင်တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းမင်းကင်းမြို့ခံတစ်ဦးကပြောသည်။ LuduNwayOoမေ 5, 2023
သတင်း ဟားခါးတိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် ရွာတစ်ရွာကို ထပ်မံလေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ဟားခါးမြို့နယ် ဗန်တလန်ကျေးရွာကို စစ်ကောင်စီတပ်က မေလ ၂ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နေ့လည်ပိုင်းတွင် ဗန်တလန်ရွာအနီးရှိ မာလ်ဆောမ်ရွာကို ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoမေ 5, 2023
သတင်း KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၂၅ဦး သေဆုံးပြီး ပြည်သူ ၁၂၂ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoမေ 1, 2023
သတင်း ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ငါးဦးအား သတ်ဖြတ်၊ လေကြောင်းမှ သုံးကြိမ် တိုက်ခိုက် စစ်ကောင်စီစစ်ကြောင်းကြောင့် ရှင်မတောင် အနီးရှိ ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်များအား မီးရှို့သွားခြင်းမရှိသော်လည်း ဆိုင်ကယ်များကိုမူ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoဧပြီ 25, 2023
သတင်း စစ်ကောင်စီက မဲကနယ်ဒေသကို လေကြောင်း၊လက်နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက် ဧပြီ ၂၃ရက်နှင့် ၂၄ရက်တို့တွင် လေကြောင်းနှင့် လက်နက်ကြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟုလည်း အသိပေးသည်။ LuduNwayOoဧပြီ 25, 2023
သတင်း မြိုင်နယ် မန်ကျည်းကန်ရွာအား စစ်ကောင်စီတပ် လေကြောင်းမှ ထပ်မံတိုက်ခိုက် စစ်ကောင်စီတပ်သည် မန်ကျည်းကန်ကျေးရွာ ဆေးရုံအား ယမန်နေ့နံနက်ပိုင်းကလည်း Mi-35 ဖြင့်ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သေးသည်။ LuduNwayOoဧပြီ 19, 2023
သတင်း မြိုင်မြို့နယ် မန်ကျည်းကန်ရွာ စစ်ကောင်စီတပ် လေကြောင်းမှပစ်ခတ်ပြီး ရွာမီးရှို့နေ စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက်နေ့ကလည်း မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့ MI35 ဖြင့်ပစ်၍ လူချခဲ့ပြီး ကျေးရွာ ၃ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။ LuduNwayOoဧပြီ 18, 2023
သတင်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ယနေ့ညနေပိုင်း၌ လေကြောင်းမှ ဗုံးကြဲ၍ အရပ်သားသေဆုံးထိခိုက်မှုရှိ ဧပြီ ၁၆ရက် ညနေ ၄နာရီခန့်တွင် မင်းတပ်နယ်ရှိ ကျေးရွာတစ်ရွာကို တိုက်လေယာဉ် နှစ်စီးဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။ LuduNwayOoဧပြီ 16, 2023