Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ်ရှိ ဗောဓိအထက်တန်းကျောင်း စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် ဆေးရုံ၊ ကျောင်းစသည့် ပြည်သူလူထုရှိရာနေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုများ ပိုမိုပြုလုပ်လာနေ၍ လုံခြုံရေးသတိပိုမိုရှိကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

(၂၀၂၃ မေလ ၄ ရက်က မိုင်းခွဲဖျက်ဆီးခံရသည့် ရေဦးမြို့နယ် ချမ်းသာကျေးရွာရှိ အထက်တန်းကျောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
(၂၀၂၃ မေလ ၄ ရက်က မိုင်းခွဲဖျက်ဆီးခံရသည့် ရေဦးမြို့နယ် ချမ်းသာကျေးရွာရှိ အထက်တန်းကျောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)

▪️ကျောင်းဆင်းချိန်ဖြစ်၍ ကလေးများထိခိုက်မှုမရှိသော်လည်း ကျောင်းဆောင်အချို့ ပျက်စီး

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ တင်းတိန်ရံကျေးရွာရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်‌ကျောင်းကို စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၂နာရီခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

တင်းတိန်ရံရွာအနီးရှိ ထန်းတောရွာ၊ ဗောဓိကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲသွားခြင်းဖြစ်ပြီး လတ်တလောသတင်းအရ လူထိခိုက်မှုမရှိ သိရသည်။

” ဂျက်ဖိုက်တာနဲ့ဗုံးချသွားတာ။ တစ်လုံးက ကွဲတယ်။ တစ်လုံးက မကွဲဘဲကျန်ခဲ့တယ်။ ကျောင်းပိတ်ထားလို့ ကလေးတွေ မထိခိုက်ခဲ့တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းဂျက်ဖိုက်တာသည် တံတားဦးလေဆိပ်မှပျံသန်းလာပြီး တိုက်ခိုက်သွားခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ထန်းတောရွာ(ဗောဓိစာသင်ကျောင်း)ကို အဓိကပစ်မှတ်ထားပီး ဗုံး နှစ်လုံးကြဲချသွားတာပါ။ ဘုန်းကြီးကျောင်းနဲ့ ကပ်လျက်ဗျ။စာသင်ကျောင်းက သီးသန့်ပါ။ ပြည်သူအထိအခိုက်ရော ကျောင်းသားကလေးသူငယ်တွေရော အထိအခိုက်မရှိပါဘူး”ဟု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

မြေပြင်တွင် စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်ကို တမင်ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်သွားခြင်းဟု ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကျောင်းကြီးအတွင်းရှိ စာကြည့်တိုက်တစ်ဆောင်၊ ကျောင်းအဝင်မုဒ်တိုင်အချို့နှင့် ထန်းတောရွာအတွင်းက လျှပ်စစ်မီးကြိုးများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“လက်ရှိ အဲ့ဒီစာသင်ကျောင်းကြီးက အထက်တန်းကျောင်းကြီးပါ။ အခုလက်ရှိ အဲ့ဒီကျောင်းကြီးမှာ ကလေးသူငယ်လေးတွေ စာနောက်မကျအောင်ဆိုပြီး ဆရာ၊ဆရာမလေးတွေကနေ သင်ပြပေးနေပါတယ်။ ကလေးတွေက နေ့ခင်း ၁၂လောက်မှာ ကျောင်းဆင်းတယ်။ သူတို့လာပစ်တာက ၂နာရီလောက်မှာ။ လာပြီးဗုံး နှစ်လုံးကြဲသွားတယ်။”ဟု ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

ရေဦးနယ်အတွင်း၌ စစ်ကောင်စီက Mi-35 ဖြင့်ပစ်ခတ်မှုများရှိဖူးသော်လည်း တံတားဦးမှ ဂျက်ဖိုက်တာသုံးတိုက်ခိုက်မှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းကဆက် ပြောသည်။

ထို့အပြင် ညပိုင်း၌ ထပ်မံလာရောက်ပစ်ခတ်မည်ကိုစိုးရိမ်ရသဖြင့် ထန်းတောရွာအပါအဝင် အနီးဝန်းကျင်ရွာများအားဘေးလွတ်ရာသို့ ပို့ဆောင်ထားကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား ရဟတ်ယာဉ်နှစ်စင်းဖြင့် ဆနာရီခန့်ကြာ တိုက်ခိုက်ခံခဲ့သည်။ တိုက်ခိုက်မှုကြောင်း စေတနာ့ဝန်ထမ်းများနှင့် အနည်းဆုံး ကလေးခြောက်ဦး အပါအဝင် လူ ၁၄ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ဆေးရုံ၊ ကျောင်းစသည့် ပြည်သူလူထုရှိရာနေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုများ ပိုမိုပြုလုပ်လာနေ၍ လုံခြုံရေးသတိပိုမိုရှိကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook