Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ယနေ့ညနေပိုင်း၌ လေကြောင်းမှ ဗုံးကြဲ၍ အရပ်သားသေဆုံးထိခိုက်မှုရှိ

ဧပြီ ၁၆ရက် ညနေ ၄နာရီခန့်တွင် မင်းတပ်နယ်ရှိ ကျေးရွာတစ်ရွာကို တိုက်လေယာဉ် နှစ်စီးဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

(မင်းတပ်နယ်တွင် ဧပြီ ၁၁ရက်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မပေါက်ကွဲသေးသည့်ဗုံးဆံအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(မင်းတပ်နယ်တွင် ဧပြီ ၁၁ရက်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မပေါက်ကွဲသေးသည့်ဗုံးဆံအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရ၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က အတည်ပြုသည်။

“သေချာတဲ့သတင်းကို သိတော့ သိနေပြီ။ အထိအခိုက်တော့များတယ်။ အခြေအနေလည်း နည်းနည်းဆိုးတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

လေကြောင်း တိုက်ခိုက်ခံရမှု အသေးစိတ်အခြေအနေများကို မင်းတပ် CDFက ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။

ဧပြီ ၁၆ရက် ညနေ ၄နာရီခန့်တွင် မင်းတပ်နယ်ရှိ ကျေးရွာတစ်ရွာကို တိုက်လေယာဉ် နှစ်စီးဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်ရှိ နေအိမ် သုံးလုံး၊ ဒဏ်ရာရတွေရှိ၊ သေဆုံးတာတွေလည်းရှိတယ်လို့သိရ”ဟု ဒေသခံက People’s Spring သို့ ဖြေကြားသည်။

Public Service Announcement
Public Service Announcement

မတ်လ ၃၀ရက်ကလည်း ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုရွာကို လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့သည်။ ထို့ပြင် ဧပြီ ၁၀ရက်တွင် ဖလမ်းမြို့နယ် ဝေဘူလမြို့ရှိ အရပ်သားပြည်သူများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ၉ ဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။ တော်လှန်ရေးအားကောင်းသည့် ချင်းပြည်နယ်အတွင်းသို့ လေကြောင်း တိုက်ခိုက်မှုများ စစ်ကောင်စီတပ်က အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး အရပ်သားများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များ ကြောင့် အပြစ်မဲ့ ပြည်သူများစွာ သေဆုံးခဲ့ရခြင်းအပေါ် များစွာ ဝမ်းနည်းကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

“ကျန်ခဲ့တဲ့ ပြည်သူတွေလည်း အပြစ်မဲ့ သေဆုံးသွားတဲ့ ပြည်သူတွေကို သနားသော ငဲ့ညှာသောအားဖြင့် တော်လှန်ရေးမှာ ပိုပြီးပါဝင်ပါ ကူညီပေးကြပါ။ ပြည်သူတွေအနေနဲ့ လက်သည်းဆိပ် လက်ထိပ်နာသလိုပေါ့ ကိုယ်ထိမှ မဟုတ်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ ထားပြီးခါမှ အားလုံးနဲ့အတူ တော်လှန်ရေးရဲဘော်တွေနဲ့အတူ ရပ်တည်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။