Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ယနေ့ညနေပိုင်း၌ လေကြောင်းမှ ဗုံးကြဲ၍ အရပ်သားသေဆုံးထိခိုက်မှုရှိ

ဧပြီ ၁၆ရက် ညနေ ၄နာရီခန့်တွင် မင်းတပ်နယ်ရှိ ကျေးရွာတစ်ရွာကို တိုက်လေယာဉ် နှစ်စီးဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

(မင်းတပ်နယ်တွင် ဧပြီ ၁၁ရက်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မပေါက်ကွဲသေးသည့်ဗုံးဆံအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(မင်းတပ်နယ်တွင် ဧပြီ ၁၁ရက်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မပေါက်ကွဲသေးသည့်ဗုံးဆံအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရ၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က အတည်ပြုသည်။

“သေချာတဲ့သတင်းကို သိတော့ သိနေပြီ။ အထိအခိုက်တော့များတယ်။ အခြေအနေလည်း နည်းနည်းဆိုးတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

လေကြောင်း တိုက်ခိုက်ခံရမှု အသေးစိတ်အခြေအနေများကို မင်းတပ် CDFက ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။

ဧပြီ ၁၆ရက် ညနေ ၄နာရီခန့်တွင် မင်းတပ်နယ်ရှိ ကျေးရွာတစ်ရွာကို တိုက်လေယာဉ် နှစ်စီးဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်ရှိ နေအိမ် သုံးလုံး၊ ဒဏ်ရာရတွေရှိ၊ သေဆုံးတာတွေလည်းရှိတယ်လို့သိရ”ဟု ဒေသခံက People’s Spring သို့ ဖြေကြားသည်။

Public Service Announcement
Public Service Announcement

မတ်လ ၃၀ရက်ကလည်း ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုရွာကို လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့သည်။ ထို့ပြင် ဧပြီ ၁၀ရက်တွင် ဖလမ်းမြို့နယ် ဝေဘူလမြို့ရှိ အရပ်သားပြည်သူများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ၉ ဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။ တော်လှန်ရေးအားကောင်းသည့် ချင်းပြည်နယ်အတွင်းသို့ လေကြောင်း တိုက်ခိုက်မှုများ စစ်ကောင်စီတပ်က အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး အရပ်သားများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များ ကြောင့် အပြစ်မဲ့ ပြည်သူများစွာ သေဆုံးခဲ့ရခြင်းအပေါ် များစွာ ဝမ်းနည်းကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

“ကျန်ခဲ့တဲ့ ပြည်သူတွေလည်း အပြစ်မဲ့ သေဆုံးသွားတဲ့ ပြည်သူတွေကို သနားသော ငဲ့ညှာသောအားဖြင့် တော်လှန်ရေးမှာ ပိုပြီးပါဝင်ပါ ကူညီပေးကြပါ။ ပြည်သူတွေအနေနဲ့ လက်သည်းဆိပ် လက်ထိပ်နာသလိုပေါ့ ကိုယ်ထိမှ မဟုတ်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ ထားပြီးခါမှ အားလုံးနဲ့အတူ တော်လှန်ရေးရဲဘော်တွေနဲ့အတူ ရပ်တည်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိအာဏာသိမ်းစစ်တပ်ရဲ့ တခုတည်းသော ထိန်းချုပ်နယ်မြေ စစ်တွေနဲ့ ထိစပ်နေတဲ့ ပု ဏ္ဏားကျွန်းမြို့နယ်ကနေရာအချို့ကိုဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။