Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ်

လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၂၅ဦး သေဆုံးပြီး ပြည်သူ ၁၂၂ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ်
KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ်

▪️အရပ်သားပြည်သူ ၄၀ ဦးသေဆုံး၊ ၁၅၀နီးပါး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို KNUက ယနေ့ ထုတ်ပြန်ခဲ့ရာ ယခုနှစ် ဇန်နဝါရီမှ မတ်လကုန်အထိ သုံးလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း ၆၂၈ကြိမ်ရှိခဲ့သည်ဟု ဖော်ပြသည်။

ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်မှုများအနက် ဒေသခံရွာသားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကို ဖော်ပြခဲ့ရာ လေယာဉ်ဖြင့် တိုက်ခိုက်မှု ၁၁၆ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၄၃၈ ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။

KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ်
KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ်

လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၂၅ဦး သေဆုံးပြီး ပြည်သူ ၁၂၂ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဆေးရုံ၊ကျောင်း၊ ဘာသာရေး အဆောက်အအုံများနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များထဲတွင် ငွေကြေးတောင်းခံခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်း၊ နေအိမ်မီးရှို့ခြင်း၊ ပစ္စည်းဥစ္စာများ အတင်းအဓမ္မယူဆောင်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာသားများ အသုံးပြုသည့် လမ်းများတွင် မိုင်းထောင်ခြင်း၊ ရွာသားများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အတင်းအဓမ္မ ခိုင်းစေခြင်း၊ အတင်းအဓမ္မရွှေကပြောင်းစေခြင်း၊ ပြည်သူ့စိုက်ပျိုးခြံများအား ဖျက်ဆီးခြင်း တို့ ပါဝင်ကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။